မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

Posted on - Dec 11 []

Myint Myat

စာရေးသူ

ပရိသတ်တွေ လေးစားချစ်ခင်ရတဲ့ အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ ထူးခြားပြောင်မြောက်တဲ့ သူမရဲ့အနုပညာအရည်အချင်းကြောင့် ဒီနေ့ထိတိုင် အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်နဲ့ ထိတွေ့နေရတဲ့ ထွန်းအိန္ဒြာဗိုလ်အဖို့ လက်ရှိမှာ သူမရဲ့မျက်နှာလေးကို အသေးစား ခွဲစိတ်ပြုပြင်မှုလေးတွေ ပြုလုပ်ခဲ့တယ်လို့ ပရိသတ်တွေကို အသိပေးထားတာ တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ ထွန်းအိန္ဒြာဗိုလ်က မျက်နှာခွဲစိတ်မှုအပြီးမှာ ပြောင်းလဲသွားတဲ့ သူမရဲ့မျက်နှာကို ပြသလိုက်တာ တွေ့ရပါတယ်။ ပင်ကိုယ်လှတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အသေးစား ခွဲစိတ်မှုလေးပြုလုပ်ပြီး အသားမကျသေးတဲ့အချိန်မှာတောင် အရမ်းကို ကြည့်လို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မျက်နှာခွဲစိတ်ပြုပြင်ပြောင်းလဲပြီးနောက်ပိုင်းမှာ ပြောင်းလဲလှပလာတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်ကတော့ "မျက်နှာ ယောင်တာ သက်သာလားလို့ မေးကြတဲ့ fans တွေအတွက်ပါ.. သိပ်မသက်သာသေးဘူးလေ..." ဆိုပြီး သိပ်တော့မသက်သာသေးပေမယ့် စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ရဲ့ပုံရိပ်တွေကတော့ ခွဲစိတ်ထားတာ မကြာသေးတာမို့ ပရိသတ်တွေ မြင်သားမကျသေးပေမယ့်လည်း အရင်ကထက် ပိုလှလာတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူးနော်။

ထွန်းအိန္ဒြာဗိုလ်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ပွဲတွေမှာလည်း ရှိုးတွေ ဆိုဖြစ်နေတာပါ။ သူမကိုအရမ်းချစ်တဲ့ ခငပွန်းနဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မျက်ရစ်ခွဲပြီးနောက်ပိုင်း ပိုပိုလှလာတဲ့ ထွန်းအိန္ဒြာဗိုလ်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Htun Eaindra Bo's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။