ဇနီးဖြစ်သူအတွက် Romantic အဆန်ဆုံး မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့ လွင်မိုး

Posted on - Dec 11 []

Rowena

စာရေးသူ

အနုပညာလောကမှာ မှတ်တိုင်များစွာ ထူထောင်ပြီးနောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားတဲ့ မင်းသားချောလွင်မိုးက လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လွင်မိုးက စီးပွားရေးလုပ်ငန်းများစွာကို ဦးစီးပြီး လုပ်ကိုင်နေတာကြောင့် အနုပညာလုပ်ငန်းတွေကို သိပ်ပြီးမလုပ်ကိုင်တော့ပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ အနယ်နယ် အရပ်ရပ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

အသက် (၄၉) နှစ်ရှိပြီဖြစ်တဲ့ လွင်မိုးက စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို မိသားစုတွေကိုလည်း အချိန်တွေပေးရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၁၀) ရက်နေ့ကတော့ လွင်မိုးရဲ့ ဇနီး ဒေါ်မေသူရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ လွင်မိုးက ချစ်ဇနီးရဲ့ မွေးနေ့မှာ ပန်းခင်းကြီးတစ်ခင်းပျိုးပေးပြီး အဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်ကို ပေးခဲ့တာပဲ ဖြစ်ပါတယ်။

လွင်မိုးက "happy Birthday Daw May Thu Lay 😍 ပန်းတစ်ခင်းပျိုးပေးထားတယ်နော်😘" ဆိုပြီးး ချစ်ဇနီးမေသူအတွက် မွေးနေ့ဆုတောင်းစကားလေး ဆိုထားတာ ဖြစ်ပါတယ်။

လွင်မိုးနဲ့ မေသူက နှစ်ပေါင်း (၂၀) ကျော်ကြာ အေးအတူ၊ ပူအမျှ ပေါင်းသင်းနေထိုင်ခဲ့ကြပြီး အခုဆိုရင် သမီးနှစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့မြေးလေး လွင်ထက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Lwin Moe's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။