လက်ဖျားခါချင်စရာကောင်းတဲ့ မက်ဆီရဲ့လုံးဝလေးစားစရာကောင်းတဲ့စိတ်ဓာတ်ကို ဖော်ထုတ်သွားတဲ့ ဇာဗီ

Posted on - Jan 19 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာနဲ့ စပိန်ဂန္ထ၀င်ကွင်းလယ်လူဇာဗီဟာ မက်ဆီရဲ့လုံးဝလေးစားစရာကောင်းတဲ့ စိတ်ဓာတ်ကို ဖော်ထုတ်သွားခဲ့တာဖြစ်ပါတယ်။ ဇာဗီနဲ့ မက်ဆီဟာ ဘာစီလိုနာရဲ့အကယ်ဒမီ လာမာစီယာထွက်ကစားသမားစစ်စစ် တွေဖြစ်ကြပြီး နူးကမ့်မှာ နှစ်ပေါင်းများစွာ တွဲကစားလာခဲ့ကာ အောင်မြင်မှုများစွာ အတူလက်တွဲပြီး ရယူခဲ့ကြသူတွေပါ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ပွင့်လင်းတယ်။ ရင်းနှီးတယ်။

အသက် (၇) နှစ်ကျော် ကွာဟတဲ့ ဇာဗီနဲ့ မက်ဆီဟာ တစ်ခါတလေညီအကိုလိုတစ်မျိုး၊ မြက်ခင်းစိမ်းတွေရဲ့အလွန် သာယာဖွယ်ကောင်းတဲ့ညချမ်းတွေမှာ သူငယ်ချင်းအရင်းခေါက်ခေါက်ပမာ သူတို့နှစ်ယောက်ရဲ့ Relationship က အေးမြနေခဲ့တာ။

ဒါကြောင့်ပြောရရင် မက်ဆီရဲ့အကြောင်း ခရေစေ့တွင်းကျသိရှိနေသူတွေထဲမှာ ဇာဗီကတစ်ယောက်အပါအ၀င်ပါပဲ။ မက်ဆီရဲ့အကြောင်းကို မေးမြန်းတဲ့အခါမှာ ဇာဗီရဲ့မျက်လုံးတွေ ရွှန်းရွှန်းတောက်ကြည်လင်သွားပြီး အားရတရ ချီးကျူးခန်းတွေ ထွက်ကျလာပါတော့တယ်။

"မက်ဆီဟာ တကယ့်ကိုကြင်နာတတ်တဲ့သူ။ အသည်းနှလုံးကြီးမားသူတစ်ယောက်။ သူ့ဆီမှာ နွေးထွေးတဲ့မေတ္တာတရားတွေအပြည့်ပါပဲ။ လူတွေကို လိုအပ်တဲ့အချိန်တိုင်းမှာ အမြဲကူညီလေ့ရှိတယ်။ သူနဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အအပျက်တစ်ခုကို ကျွန်တော်မှတ်မိနေပါသေးတယ်။

အဲဒီတုန်းက ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်က ကလေးငယ်လေးရဲ့ရန်ပုံငွေပွဲအတွက် မက်ဆီရဲ့ဖိနပ်ကို လိုချင်တယ်လို့ ပြောခဲ့တယ်။ အဲဒီအကြောင်းကို မက်ဆီကိုပြောပြလိုက်တဲ့အချိန်မှာ သူက တစ်ချက်ကလေးတောင် တွေဝေမှုမရှိဘဲ သူ့ရဲ့ဖိနပ်တွေကို ချက်ချင်းပေးခဲ့တာ။ မက်ဆီဟာ အမြဲတမ်းအဲဒီလိုစိတ်ထားနူးညံ့သူပါပဲ"လို့ ဇာဗီက ဖွင့်ဟခဲ့တာပါ။

Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။