ညီအမတွေအလား အထင်မှားရလောက်တဲ့ ယွန်းယွန်းတို့ သားအမိ

Posted on - Dec 13 []

Myint Myat

စာရေးသူ

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ချစ်စရာ မင်းသမီးချောလေး ယွန်းယွန်းကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူတစ်ဦပါ။ လတ်တလောမှာတော့ ယွန်းယွန်းလေးက အရမ်းကိုနုပျိုလွန်းတဲ့ သူမရဲ့မေမေနဲ့အတူ ရိုက်ကူးထားတဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမေတူသမီးလေး ယွန်းယွန်းကတော့ အရမ်းလှတဲ့ သူမမေမေရဲ့ အလှတရားတွေ အမွေရထားသူလေးဆိုရင်လည်း မမှားပါဘူးနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ညီအမတွေအလား အထင်မှားရလောက်တဲ့ ယွန်းယွန်းတို့ သားအမိတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းယွန်းကတော့ "Thank you for sending me a beautiful bouquet and gorgeous bags for Mom and me 👭🏻❤️✨" ဆိုပြီး အိတ်ဆင်တူလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ သူမတို့သားအမိရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ယွန်းယွန်းတို့ သားအမိနှစ်ယောက်ရဲ့ပုံရိပ်တွေကတော့ အရမ်းချစ်ဖို့ကောင်းလို့ ပရိသတ်တွေအားလုံးကလည်း သဘောကျနေကြတာပါနော်။

သားအမိနှစ်ယောက် ဘယ်လိုတောင် ချစ်ဖို့ကောင်းနေလဲမေး...။

ချစ်စရာကောင်မလေး ယွန်းယွန်းကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ မိသားစုနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ဆယ်ကျော်သက် မိန်းမပျိုလေး ယွန်းယွန်းရဲ့အချစ်ရေးကတော့ အခုအချိန်အထိကို ငြိမ်သက်နေဆဲပါပဲနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ညီအမတွေလို့တောင် အထင်မှားရလောက်တဲ့ ယွန်းယွန်းတို့ သားအမိရဲ့ချစ်စရာပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Yoon Yoon's Facebook
Photo;Ma Hsu Myat Noe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။