မာယာတွေပြည့်နှက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ Mood နဲ့တွေ့ရတဲ့ အိချောပို

Posted on - Dec 13 []

Rowena

စာရေးသူ

မြန်မာနိုင်ငံက ထိပ်တန်းမင်းသမီးချောလေး အိချောပိုက ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်း တဖြည်းဖြည်း အောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။ ရှင်းလင်းပြေပြစ်တဲ့ သူမရဲ့ မျက်နှာလေးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ သူမရဲ့ ကောက်ကြောင်းအလှကတော့ ပုရိသတွေရင်ခုန်စရာဖြစ်ပြီး မိန်းကလေးပရိသတ်တွေရဲ့ အားကျခြင်းခံရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ အိချောပိုက တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်း ခံနေရတဲ့ ရွှေမင်းသမီးလေး ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး သရုပ်ဆောင်လို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး အိချောပိုက သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို သေချာအာရုံစိုက်ပြီး MOOD အပြည့်နဲ့ သရုပ်ဆောင်လေ့ရှိပါတယ်။

အိချောပိုက လက်ရှိမှာတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ရဲရင့်အောင်၊ ထက်ထက်မိုးဦး၊ နန်းဆုဦး၊ ရွှေအိမ်စည်တို့နဲ့အတူတူ သရုပ်ဆောင်နေတာဖြစ်ပါတယ်။

အိချောပိုက "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီးအတွက် MOOD တော်တော်လေး ထည့်ထားတယ်ဆိုတာ သူမရဲ့ ပုံရိပ်တွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

အိချောပိုက "ကိုယ်ရေးသားတဲ့ ကဗျာဆိုတာက စကားလုံးတွေနဲ့တည်ဆောက်ထားတာမဟုတ်ဘူး။ မာယာတွေနဲ့တည်ဆောက်ထားတာ.....!!!" ဆိုတဲ့ စာသားလေးနဲ့အတူတူ ပုံတင်ထားတာ ဖြစ်ပါတယ်။

အိချောပိုကတော့ တကယ့်ကို MOOD အပြည့်နဲ့ပဲနော်။ ပရိသတ်ကြီးလည်း "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Ei Chaw Po's fb

အိချောပိုကတော့ တကယ့်ကို MOOD အပြည့်နဲ့ပဲနော်။ ပရိသတ်ကြီးလည်း "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Ei Chaw Po's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။