ဆရာမလေးအဖြစ် သရုပ်ဆောင်ရင်း တပည့်လေးတွေရဲ့အားပေးခြင်းကို ခံလိုက်ရတဲ့ ပိုင်ဖြိုးသု

Posted on - Dec 13 []

Myint Myat

စာရေးသူ

အရမ်းချစ်​စရာ​ကောင်းပြီး စိတ်​ထား​ကောင်းတဲ့ မင်းသမီး​ချော​လေး ပိုင်​ဖြိုးသုက​တော့ ဝါသနာပါရာ အနုပညာအလုပ်​တွေလုပ်​ရင်း သာယာတဲ့ အိမ်​ထောင်​ရေးကို ပုံ​ဖော်​နေ​တာပဲ ဖြစ်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ သူမကတော့ သရုပ်ဆောင်နေရရင်ကို ပျော်ရွှင်နေသူလေးပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက ဆရာမလေးတစ်ဦးအနေနဲ့ သရုပ်ဆောင်ရင်း အားပေးကြမ်းတဲ့ တပည့်လေးတွေနဲ့ တွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ တပည့်လေးတွေကတော့ ဆရာမလေး ပိုင်ဖြိုးသုကို အလုအယက် လက်မှတ်ထိုးခိုင်းရင်း Selfie တွေလည်း ရိုက်နေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ဆရာမလေး ပိုင်ဖြိုးသုကို အားပေးကြတဲ့ ကျောင်းသားလေးတွေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကတော့ "တပည့်အပေါင်းအပါများနှင့်" ဆိုပြီး သူမရဲ့တပည့်လေးတွေအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ ကလေးလေးတွေရဲ့အားပေးမှုကို မြင်တွေ့နေရတဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ပိုင်ဖြိုးသု အဓိကမင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ "Now and Ever" ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်ရှိမှာ တော်တော်လေး အောင်မြင်နေတာ တွေ့ရပါတယ်။

ပိုင်ဖြိုးသုကို လက်မှတ်ထိုးခိုင်းလိုက်၊ Selfie တွေရိုက်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ချစ်စရာ ကျောင်းသူ ကျောင်းသားလေးတွေ...။

ပိုင်ဖြိုးသုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ရုပ်ရှင်ဇာတ်ကားကောင်းတွေလည်း ရိုက်ကူးနေကြပြီပဲ ဖြစ်ပါတယ်။ ပိုင်​ဖြိုးသုတို့ဇနီး​မောင်​နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source;Paing Phyoe Thu's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။