ပုပ္ပါးမြေက စကားဝါပန်းလေးတွေနဲ့အပြိုင် ယဉ်စစလှနေတဲ့ အေးဝတ်ရည်သောင်း

Posted on - Dec 14 []

Rowena

စာရေးသူ

ယောကျာ်းလေးပရိသတ်တိုင်း ကြိုက်နှစ်သက်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်နေသူတစ်ဦးပါပဲ။ အေးဝတ်ရည်သောင်းက ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ပရိသတ်တွေကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အေးဝတ်ရည်သောင်းက မအေးသောင်းရယ်လို့ ပရိသတ်တွေကြားထဲမှာ ထင်ပေါ်နေတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက လက်ရှိမှာတော့ ပုပ္ပါးမြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အေးဝတ်ရည်သောင်းက ပုပ္ပါးမြေရောက် သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။

အေးဝတ်ရည်သောင်းက "ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်တဲ့ "ပုဂံမျှော်" ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီဖွေးဖွေးတို့နဲ့အတူတူ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက "ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ နံ့ရှားကြိုင်လွှင့် ခါတန်ပွင့်သည် ရွှေနှင့်ယိုးမှား ပန်းစကား..." ဆိုတဲ့ ကဗျာလေးကိုတောင် ရွတ်ပြထားပါသေးတယ်။

အပျိုကြီး အေးဝတ်ရည်သောင်းကတော့ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှပြီး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Thaung's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။