ဖီလစ်ကို ခေါ်ယူနိုင်မယ့်အခွင့်အရေးကို အံ့အားသင့်ဖွယ်အကြောင်းပြချက်နဲ့ လက်လွှတ်ခဲ့တဲ့ မန်ယူ

Posted on - Dec 13 []

Gunner Ksr

စာရေးသူ

မန်ယူအင်းကတော့ ပေါ်တူဂီရဲ့အတောက်ပဆုံးလူငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ယာအိုဖီလစ်ကို အံ့အားသင့်ဖွယ်အကြောင်းပြချက်နဲ့ လက်လွှတ်ခံခဲ့တယ်လို့ သိရပါတယ်။ အသက် (၁၉) နှစ်အရွယ် ယာအိုဖီလစ်ဟာ ပြီးခဲ့တဲ့ဘင်ဖီကာနဲ့အတူ ဥရောပဘောလုံးဇာတ်ခုံပေါ်မှာ ထွန်းတောက်လာခဲ့သူဖြစ်ပြီး ဒုတိယမြောက်စီရော်နယ်ဒိုလို့ နာမည်ကြီးနေသူ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဖီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အသင်း အမြောက်အများရှိခဲ့ပြီး နောက်ဆုံးမှာတော့ ဖီလစ်ဟာ လာလီဂါထိပ်သီးကလပ်အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ကြေး ယူရို (၁၁၃) သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

အမှန်တကယ်တော့ ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းဟာလည်း ဖီလစ်ကို ခေါ်ယူဖို့ အလွန်နီးစပ်တဲ့အနေအထားကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဖီလစ်ကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ဖီလစ်ဟာ ပရီးမီးယားလိဂ်ရဲ့ကြံ့ခိုင်မှုအားပြုတဲ့စနစ်နဲ့ လိုက်ဖက်မှာ မဟုတ်ဘူးလို့ ယူဆခဲ့ကာ အခွင့်အရေးကို လက်လွှတ်ခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဖီလစ်ဟာ ပရီးမီးယားလိဂ်ရဲ့ တောင်းဆိုမှုမြင့်မားလှတဲ့ ကြံ့ခိုင်မှုအားပြုတဲ့စနစ်ကို လိုက်နိုင်မှာ မဟုတ်ဘူးလို့ မန်ယူအသင်းတာဝန်ရှိသူတွေက ထင်မှတ်ခဲ့တယ်။ ဥပမာ ဖီလစ်ဟာ အလွန်ဆုံးတစ်ရာသီထတောက်မယ့်သူအဖြစ်ပဲ မန်ယူအသင်းက ထင်မှတ်ခဲ့တယ်"လို့ မန်ယူနဲ့နီးစပ်သူတစ်ယောက်က The Sun ကို ဖွင့်ဟသွားခဲ့တာပါ။

အမြင်နဲ့သာ ဆုံးဖြတ်ပြီး ဖီလစ်ကို လက်လွှတ်ခံခဲ့တဲ့ မန်ယူအသင်းရဲ့လုပ်ရပ်ကတော့ တကယ့်ကို နစ်နာစရာပဲလို့ ဆိုရမှာပါ။ တကယ်လို့ ဖီလစ်ကိုသာ ရရှိခဲ့မယ်ဆိုရင် မန်ယူရဲ့တိုက်စစ်ဟာ အခုထက်ပိုကောင်းလာမှာဖြစ်ပြီး စွဲမက်ဖွယ်ရှိသွားမှာပါ။

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။