ဆံပင်ပုံစံအသစ်နဲ့ အရမ်းစတိုင်ကျနေတဲ့ မိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူ

Posted on - Dec 14 []

Myint Myat

စာရေးသူ

ပရိသတ်​အချစ်​တော်​မေ​မေမိုးယုစံရဲ့ တစ်​ဦးတည်း​သော သားသား​လေး​ ကောင်းသိင်္ခမိုးသူက​တော့ ငယ်​ငယ်​လေးနဲ့ အမြဲပြုံးနေတတ်တာမို့ အားလုံးက ဖိုးပြုံးချိုလေးဆိုပြီး အချစ်ပိုနေရတာပါ။ မျက်နှာချိုလွန်းတဲ့ သား​လေးကို​တော့ မိသားစု​တွေကသာမက ပရိသတ်​တွေကလည်း အချစ်​ပို​နေရတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့​မေ​မေမိုးယုစံက ချစ်​စရာ​ကောင်းတဲ့ သား​လေးကို ဆံပင်လိုက်ညှပ်ပေးခဲ့တဲ့ ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဆံပင်ပုံစံအသစ်နဲ့ အရမ်းမိုက်နေတဲ့ သားသား​လေး ကောင်းသိင်္ခမိုးသူရဲ့ပုံရိပ်​တွေက အရမ်းကို ချစ်​ဖို့​ကောင်းလှပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ အရမ်းကို ချစ်​စရာ​ကောင်းတဲ့ အမေတူသားလေး ကောင်းသိင်္ခမိုးသူရဲ့ ပုံ​လေး​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

မိုးယုစံက​တော့ " ကေညှပ်ပီး ဆံပင်ထောင်ပီး စတိုင်အပြည့်နဲ့🥰🥰🥰"ဆိုပြီး ဆံပင်ပုံစံအသစ်နဲ့ စတိုင်ကျနေတဲ့ သူမသားသားလေးရဲ့ ပုံရိပ်လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။ မိုးယုစံရဲ့သားလေးကတော့ ကြီးလာရင် အမေလို အနုပညာဝါသနာပါမလားဆိုတာကိုတော့ ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။

အိုက်တင်ပေးနေတဲ့သားလေးကို အမိအရ ဓာတ်ဖမ်းပေးနေတဲ့ မေမေ မိုးယုစံ...။

မိုးယုစံကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်း​နဲ့အတူ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ရင်း ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပုံဖော်ထားတာပါ။မိုးယုစံရဲ့ ချစ်​မဝတဲ့သားသား​လေးဖြစ်​တဲ့ ဖိုးပြုံးချို​လေး​ကောင်းသိင်္ခမိုးသူက​တော့ မိသားစု​တွေအားလုံးအပြင်​ပရိသတ်​တွေကပါ အချစ်​ပို​နေကြရသူ​လေးပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ မိုးယုစံရဲ့သားလေးကိုချစ်​ရင်​shareသွားကြပါဦး​နော်​။

Myint Myat
Source:Moe Yu San's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။