MM IDOL ပြိုင်ပွဲလာခါနီးမှာ အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူခဲ့ရတဲ့ အောင်ကိုလတ်

Posted on - Dec 14 []

Rowena

စာရေးသူ

နိုင်ငံကျော် သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲက နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ ကျင်းပခဲ့တာ အခုဆိုရင် လေးနှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသီးသီးကလည်း တစ်ပတ်ထက်တစ်ပတ် ကြိုးစားလာခဲ့ရာ အခုဆိုရင် ပြိုင်ပွဲဝင်လေးဦးသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

မနေ့က တနင်္ဂနွေနေ့ Result Show မှာတော့ Myanmar Idol ဒိုင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကိုလတ် ပြိုင်ပွဲကို ရောက်ရှိလာခြင်းမရှိပဲ ပျက်ကွက်ခဲ့ပါတယ်။ ဦးအောင်ကိုလတ်ဟာ ပြိုင်ပွဲကို ထွက်လာခါနီး အချိန်မှာပဲ အရေးပေါ်ဆေးရုံရောက်ခဲ့ရကြောင်း အခုလို သိရှိရပါတယ်။

ဦးအောင်ကိုလတ်က "Myanmar Idol Season 4 ရဲ့ ပရိသတ်များခင်ဗျာ...ယနေ့ ရွှေထွဋ်တင်ကို လာခါနီးမှာပဲ အရေးပေါ် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေပါတယ်။"

"ယနေ့ result showကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး... အားလုံးကိုတောင်းပန်ပါတယ်။ Top 5 ပြိုင်ပွဲဝင် ကလေးတွေကိုလည်း ဆေးရုံပေါ်ကနေ ဆုတောင်းပေးနေပါတယ်။ အားလုံးအဆင်ပြေကြပါစေ။" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ပြောထားပါတယ်။

ဦးအောင်ကိုလတ်ကတော့ အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် ပြိုင်ပွဲကို မရောက်လာနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ ဦးအောင်ကိုလတ် အမြန်ဆုံး သက်သာပြီး ကျန်းမာလာပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Aung Ko Latt's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။