December အားလပ်ရက်လေးမှာ အားလုံးပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်တဲ့ အိန္ဒြာကျော်ဇင်

Posted on - Dec 14 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပတဲ့ ရုပ်ရည်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တာနဲ့အညီ အနုပညာလုပ်ငန်းတွေကို လက်မလည်အောင်လုပ်ကိုင်နေရပေမယ့် သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကို အမြဲဂရုတစိုက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့ လွတ်လပ်ပေါ့ပါးတဲ့ အသွင်အပြင်နဲ့ ပုံလေးတွေကို မျှဝေရင်း "ဘာမှမဟုတ်ဘူး...မတွေ့ကြာလို့ လာတွေ့တာ....😃 “The Bridge “ ရဲ့ဒီဇိုင်းအသစ်နဲ့လန်းနေတယ်ဆို ယူဘာပြောမလဲ....December😜 holiday မှာ အားလုံး ပျော်ရွှင်ကြပါစေ...🧡" ဆိုပြီး ဆိုထားပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ပြင်ဆင်နေပြီး သူမရဲ့ မိသားစုလေးကိုလည်း အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ဘယ်လိုနေနေ လှနေပြီးသားသူလေး တစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Eaindra Kyaw Zin's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။