သမီးလေးရဲ့ ၅လပြည့် မွေးနေ့ကို စွယ်တော်ဘုရားမှာ ဘုရားဖူးရင်း အလှူလုပ်ခဲ့တယ် ဆိုတဲ့ စန္ဒီမြင့်လွင်
Moe Kalay
စာရေးသူ
နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင် က သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ၅လ ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ ပုံရိပ်ကလေးတွေကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်း၊ သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက ဒီနေ့မှာတော့ သမီးလေး Treasure ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ မျှဝေလိုက်တာပါ။

စန္ဒီမြင့်လွင် က " မီးမီး Treasure ဒီနေ့ ၅လပြည့်ဖေဖေမေမေတို့ နဲ့တူတူစွယ်တော်ဘုရား မှာဘုရားဖူးအလှူလုပ် ခဲ့တယ်ရှင့် ခုနှစ်ရက်သားသမီးအားလုံးကိုယ်စားလှူခဲ့ပါတယ်🤩အပြန်ကျမုန့်မုန့်လိုက်ကျွေးမယ်ဆိုပီးမေမေက မီးမီးနေပူပီးပင်ပန်းမှာဆိုးလို့ ကျွေးတော့ဘူးအိမ်ပဲပြန်ပို့တယ်ရှင့်🧐 နောက်ဆိုရ င်တော့ဒါမျိုးမရဘူးမေမေ😁 " ဆိုပြီးပြောထားပါတယ်။

စန္ဒီ့မြင့်လွင်တို့မိသားစု ရဲ့ ချစ်စရာပုံရိပ်

စန္ဒီမြင့်လွင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့မွေးနေ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;sandy myint lwin
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။