ပွဲတက်လာသူတွေငေးကြည့်နေရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန်အလှ

Posted on - Dec 15 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့်ပါပဲ။ သင်ဇာဝင့်ကျော်က ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုတွေ ရရှိနေဆဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဖက်ရှင်တွေကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ ဆက်စီကျကျဝတ်စုံတွေကို အဝတ်များပေမယ့် ကာလဒေသကိုရွေးပြီး အဝတ်အစားကို လိုက်ဖက်စွာ ဝတ်စားဆင်ယင်လေ့ရှိတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က မနေ့က ဒီဇင်ဘာလ (၁၄) ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပပြုလုပ်တဲ့ "တန်ဖိုးရှိသောအသက်များ ကယ်တင်ကြပါစို့" ပညာပေးအစီအစဉ်တွင် ပါဝင်ကူညီပေးခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်၊

ထိုပွဲအခမ်းအနားကို သင်ဇာဝင့်ကျော်က ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့. သိမ်သိမ်မွေ့မွေ့ ပွဲတက်လာတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သင်ဇဝင့်ကျော်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျနေကြတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလှနေတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thin Zar Wint Kyaw's fb
Photo: Amazing Grace

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။