ဖွေးဖွေးရဲ့အဖေအတွက် ခရစ်စမတ်လက်ဆောင်တွေ ပေးပို့ခဲ့တဲ့ တူမအလိမ္မာလေး ဝတ်မှုံရွှေရည်

Posted on - Dec 15 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးနှစ်လက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကရဲ့ ပြိုင်စံရှား ဒိတ်ဒိတ်ကြဲမင်းသမီးတွေပဲ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့က ရုပ်ရှင်လောကမှာ အခိုင်အမာနေရာရရှိထားပြီး အားပေးသူပရိသတ်အများအပြား ရရှိထားသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ ညီအစ်မနှစ်ယောက်ကို အားပေးခဲ့တာ ဆယ်စုနှစ်တစ်စုစာ ရှိနေပြီပဲ ဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ဖေဖေ နဲ့ ဝတ်မှုံရွှေရည်ရဲ့ ဖေဖေက ညီအစ်ကိုအရင်းတွေဖြစ်ပြီး ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်ကတော့ တစ်ရက်သာကွာတဲ့ ညီအစ်မတစ်ဝမ်းကွဲတွေပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဖွေးဖွေးရဲ့ဖေဖေက သူ့ရဲ့တူမလေး ဝတ်မှုံရွှေရည်ဆီက နိုင်ငံခြားပြန် ခရစ်စမတ်လက်ဆောင်ရရှိခဲ့တယ်ဆိုပြီး အမှတ်တရအနေနဲ့ ပြောထားတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က သူမရဲ့ဦးလေးမိသားစုကို တော်တော်လေး ခင်တွယ်သူဖြစ်ပြီး သီတင်းကျွတ်လို အခါကြီးရက်ကြီးတွေမှာလည်း အလုပ်တွေမအားတဲ့ကြားက ကန်တော့သူတစ်ဦး ဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ဖေဖေကတော့ တူမအချောလေး ဝတ်မှုံရွှေရည်ရဲ့ သိတတ်လိမ္မာမှုကို ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Phway Phway's father fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။