စွဲမက်ဖွယ် ခန္ဓာကိုယ်လှလှလေး ပေါ်လွင်နေတဲ့ ရေကူးဝတ်စုံနဲ့ ပုံတွေတင်လိုက်တဲ့ ဝါဆိုမိုးဉီး

Posted on - Dec 15 []

Myint Myat

စာရေးသူ

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်​စရာမင်းသမီး​လေး ဝါဆိုမိုးဦးက​တော့ ဘိုဆန်​ဆန်​မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ဝါဆိုမိုးဦးက​ ချစ်ရတဲ့ ချစ်သူ ဖြိုးလေးနဲ့အတူ မြန်မာနိုင်ငံရဲ့ အလှပဆုံးနေရာတွေကို အပန်းဖြေခရီးထွက်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ဝါဆိုက ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ဖက်ရှင်နဲ့ ရေကူးမယ့် သူမရဲ့ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီတဲ့ ဝါဆိုမိုးဉီး ခန္ဓာကိုယ်လေးကတော့ အရမ်းကို လှရက်လွန်းနေတာပါနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ ရေးကူးဝတ်စုံလေးနဲ့ အရမ်းကို ညှို့အားပြင်းနေတဲ့ ဝါဆိုမိုးဦးရဲ့ အလှပုံရိပ်​လေး​တွေကို​ဖော်​ပြေ​ပေးလိုက်​ပါတယ်​နော်​။

ဝါဆိုကတော့ " ဒီနေ့က တင်းဂွေနေ့လေ ဘေဘီ🤪" ဆိုပြီးတော့ စွဲမက်ဖွယ် ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ သူမရဲ့ အလန်းစားပုံရိပ်​တွေကို လူမှုကွန်​ယက်​ပေါ်မှာ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

အရမ်းကို လန်းလွန်းပါတယ် ဝါဆိုရယ်...

ဝါဆိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့အချစ်ရေးကိုလည်း အကောင်းဆုံးပုံဖော်နေတာပါ။အဆိုပိုင်းမှာလည်း ထူးချွန်​တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းလန်းတဲ့ ဝါဆိုမိုးဦးရဲ့ပုံရိပ်​လေး​တွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Photo;Warso Moe Oo's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။