သားလေးရဲ့ ပုံလေးတွေတင်ပေးဖို့ တောင်းဆိုတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေမျှဝေလိုက်တဲ့ ပိုးအိအိခန့်

Posted on - Dec 15 []

Moe Kalay

စာရေးသူ

သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက်ပိုးအိအိခန့် တို့ရဲ့ မိသားစု ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။

သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိတဲ့ ပိုးအိအိခန့်က ဒီတစ်ခါလည်း သားလေးရဲ့ ပုံလေးတွေတင်ပေးဖို့ တောင်းဆိုတဲ့ ပရိသတ်တွေအတွက် သားလေး နဲ့ အတူ ရိုက်ထားတဲ့ ချစ်စရာပုံလေးတွေကို မျှဝေပေးလိုက်တာပါ။

ချစ်စရာအမူအယာလေးနဲ့ သားလေး ကိုကိုး နဲ့ ဖေဖေ အောင်သူ ၊မေမေ ပိုးအိအိခန့်

ပိုးအိအိခန့် က " သားသား ပုံမပါဘဲတင်ရင် ပြောကြလွန်းလို့ သားသားမပါဘဲ မရိုက်ထားဘူးနော် 😁" ဆိုပြီး ပြောထားပါသေးတယ်။

သရုပ်​ဆောင် ပိုးအိအိခန့် တို့ရဲ့ မိသားစု ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;poe ei ei khant

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။