ကက်တလန်ဒေမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သြဇာအလွှမ်းမိုးဆုံးဖြစ်နေတဲ့ မက်ဆီရဲ့ဖြစ်ရပ်

Posted on - Jun 30 []

Gunner Ksr

စာရေးသူ

ပါရမီတစ်ယောက်ဖြစ်တဲ့ လီယွန်နက်မက်ဆီဟာ ဘာစီလိုနာရဲ့ အဓိကထောက်တိုင်ဖြစ်သလို ကတ်သလန်ဒေသရဲ့ အထင်ကရ လည်းဖြစ်ပါတယ်။ အာဂျင်တီးနားသားဆိုပေမယ့် လူမှန်းသိတတ်စအရွယ်ကတည်းက ကတ်သလန်မှာပဲ ကြီးပျင်း ခဲ့တဲ့ မက်ဆီအတွက်တော့ ကတ်သလန်ဟာ သူ့ရဲ့အိမ်ပါပဲ။ မွေးရပ်မြေအာဂျင်တီးနားထက်အောင် ကတ်သလန်ဒေသက မက်ဆီကို နွေးထွေးမှုအပြည့်၊ မေတ္တာအပြည့်ပေးစွမ်းနေခဲ့တာဖြစ်တယ်လို့တောင် ဆိုရမှာပါ။ တစ်နည်းပြောရရင် မက်ဆီဟာ ကတ်သလန်ကို ကိုယ်စားပြုပါတယ်။

ဒါကြောင့် ကတ်သလန်ဒေသမှာ မက်ဆီရဲ့လွှမ်းမိုးမှု တော်တော်လေး ကြီးမားတယ်လို့ ဆိုရမှာပါ။ ကတ်သလန်လမ်းမထက်ပေါ်က ကလေးငယ်တိုင်းဟာ မက်ဆီဖြစ်ချင်နေကြမှာဖြစ်ပြီး မိဘတွေကလည်း သူတို့သားသမီး ကို ဆုံးမတဲ့အခါ မက်ဆီကို စံနမူနာထားပြီးပဲ ဆုံးမကြမှာပါ။

ဒါကြောင့်လည်း နောက်ပိုင်း ကတ်သလန်ဒေသမှာ ကလေးငယ်တွေရဲ့နာမည်ကို မှည့်ခေါ်ရာမှာ မက်ဆီရဲ့ အစနာမည်ဖြစ်တဲ့ "Leo"ကို မှည့်ခေါ်မှုဟာ နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပါတယ်။ လာမာစီယာကို မက်ဆီ စရောက်တုန်းက ကတ်သလန်ဒေသမှာ "Leo" နာမည်နဲ့ ၄ ယောက်သာ ရှိပါတယ်။

ဒါပေမယ့် နောက်ပိုင်း မက်ဆီတစ်ယောက် နာမည်ကျော်ကြားလာကာ အရှိန်အ၀ါကြီးမားလာပြီးနောက်မှာတော့ ကတ်သလန်ဒေသမှာ မက်ဆီရဲ့အစနာမည်ကို မှည့်ခေါ်မှုဟာ ရေပန်းစားလာခဲ့ကာ တစ်နှစ်ပြီးတစ်နှစ် မှည့်ခေါ်မှု များပြားလာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ကတ်သလန်ဒေသအတွင်း "Leo" ဆိုတဲ့ နာမည်မှည့်ခေါ်မှုဟာ အမြင့်ဆုံးအထိ ရောက်ရှိလာခဲ့ပြီး ၄၄၃ ယောက်အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ကတ်သလန်ဒေသမှာ နာမည်မှည့်ခေါ်မှုများလေ့ရှိတဲ့ 'Jordi' ဆိုတာထက်တောင် "Leo" ဆိုတဲ့ နာမည်မှည့်ခေါ်မှုက ပိုမိုများပြားလာခဲ့တယ်။ မက်ဆီဟာ အဲဒီလိုမျိုး အားလုံးက လေးစားအားကျရတဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။

ကက်သလန်ဒေသမှာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာတဲ့ "Leo" ရဲ့ နာမည်မှည့်မှုစာရင်း

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။