လက်ဝှေ့ပွဲအလား ထင်မှတ်ရတဲ့ အာဂျင်တီးနားလိဂ်က မင်းမဲ့စရိုက်ဆန်ဆန် ကမ္ဘာ့အကြမ်းတမ်းဆုံး ဘောလုံးပွဲ

Posted on - Feb 12 []

Gunner Ksr

စာရေးသူ

အာဂျင်တီးနားအောက်တန်းလိဂ်က ဘောလုံးပွဲစဉ်တစ်ပွဲကတော့ တော်တော်လေး ရုပ်ဆိုးအကျည်းတန်ပြီး ကြမ်းတမ်းလွန်းခဲ့တာ တွေ့ရပါတယ်။ ဘောလုံးပွဲတွေမှာ တစ်ခါတလေ နှစ်ဖက်ကစားသမားတွေဟာ ကိုယ့်အသင်း အနိုင်ရရှိရေးအတွက် နိုင်လိုစိတ်ပြင်းထန်စွာ ကစားကြရင်း မတော်တဆ ဖြစ်ရပ်တွေ ဖြစ်ပွားတတ်ကြပါတယ်။ ဒါက လက်ခံပေးလို့ရတဲ့အနေအထားပါ။

ဒါမေပဲ့ တစ်ခါတလေမှာ ရည်ရွယ်ချက်ရှိရှိ၊ မင်းမဲ့စရိုက်ဆန်ဆန် လုံးဝအကျည်းစွာ ကစားကြတတ်ပါတယ်။ ဒါကတော့ ဘောလုံးပွဲတွေကို ဖျက်ဆီးနေတဲ့လုပ်ရပ်ဖြစ်ပြီး ဘယ်လိုမှ ခွင့်လွှတ်ပေးလို့မရတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။

တလောက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားအောက်တန်းလိဂ်ပွဲစဉ်မှာလည်း မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပွားခဲ့တာ တွေ့ခဲ့ရပါတယ်။ SAT ကွင်းလယ်လူလူးကပ်တောရက်စ်က ပြိုင်ဘက်ကစားသမားကို အလွန်ကြမ်းတမ်းတဲ့ပုံစံမျိုးနဲ့ ခြေစုံပစ်ဝင်ခဲ့ရာကနေ ပြဿနာဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် နှစ်ဖက်ဘောလုံးသမားတွေက လုံးဝထိန်းမရဖြစ်ပွားခဲ့ပြီး မင်းမဲ့စရိုက်ဆန်ဆန် ရန်ပွဲကြီးအသွင်ကူးပြောင်းသွားခဲ့ရပါတယ်။ ဒိုင်လူကြီးတွေတောင် ထိန်းချုပ်နိုင်ခြင်းမရှိတော့လောက်ကို တကယ့်ကို ရုပ်ပျက်ဆင်းပျက် တစ်ဖက်နဲ့တစ်ဖက် ထိုးကြိတ်ခဲ့ကြတာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။