့လုံးဝစိတ်ဝင်စားစရာကောင်းနေတဲ့ ဂယ်နီနဗီးလ်ရဲ့ နောက်ဆုံးဆယ်စုနှစ်အတွင်း မန်ယူရဲ့အကောင်းဆုံးအသင်းရွေးချယ်မှု

Posted on - Feb 26 []

Gunner Ksr

စာရေးသူ

မန်ယူဂန္ထ၀င်ကစားသမားကြီး ဂယ်ရီနဗီးလ်ရွေးချယ်ခဲ့တဲ့ နောက်ဆုံး (၁၀) စုနှစ်အတွင်း မန်ယူရဲ့ အကောင်းဆုံးအသင်းက စိတ်ဝင်စားစရာကောင်းသလို တစ်ဖက်မှာလည်း ပရိသတ်တွေကြား အငြင်းပွားဖွယ် ဖြစ်နေတာပါ။ မန်ယူအသင်းဟာ ဂန္ထ၀င်နည်းပြပြီး ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက အောင်မြင်မှုနဲ့ ဝေးကွားသွားခဲ့ရတာပါ။ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့နေနေသာသာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့တောင် ရုန်းကန်နေရတဲ့အနေအထားပါ။

အခုအခါမှာတော့ ဂယ်ရီနဗီးလ်ဟာ နောက်ဆုံး ဆယ်စုနှစ်အတွင်း သူ့စိတ်ကြိုက်မန်ယူရဲ့ အကောင်းဆုံးအသင်းကို ရွေးချယ်သွားခဲ့တာပါ။ ဂိုးသမားနေရာမှာတော့ ဂယ်ရီနဗီးလ်က လက်ရှိဂိုးသမားဒီဂီယာကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

နောက်ဆုံး ကစားသမားတွေအဖြစ် ညာအစွန်လူနေရာမှာတော့ ဗလန်စီယာ၊ ဘယ်အစွန်လူနေရာမှာ အီဗရာနဲ့ ဗဟိုအတွင်းလူနှစ်ယောက်နေရာမှာတော့ လက်တွဲညီညီ ခြေစွမ်းပြခဲ့တဲ့ ဖာဒီနန်၊ ဗီဒစ်အတွဲကိုပဲ ဂယ်ရီနဗီးလ်က ရွေးချယ်သွားခဲ့တာပါ။

ကွင်းလယ်ကစားသမားတွေနေရာမှာတော့ ရွိုင်ယန်ဂစ်၊ လက်ရှိအသင်းမှာ ကစားလျက်ရှိနေတဲ့ လူငယ်တိုက်စစ်ကစားသမားရက်ဖို့ဒ်၊ ပေါလ်စခိုးနဲ့ ကာရစ်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။ ဒီနေရာမှ နာနီကိုကျော်ပြီး ရက်ဖို့ဒ်ကို ရွေးချယ်ခဲ့တဲ့အပေါ် ပရိသတ်တွေက အငြင်းပွားခဲ့ကြတာပါ။

ဂယ်ရီနဗီးလ်ကတော့ ရက်ဖို့ဒ်ဟာ ထူးချွန်သူဖြစ်ပြီး လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်း ဘယ်မန်ယူအသင်းမှာမဆို နေရာရနိုင်သူလို့ ပြောဆိုသွားခဲ့ပါတယ်။ တိုက်စစ်မှူးနှစ်ယောက်နေရာမှာတော့ ရွန်းနီနဲ့ ဗန်ပါစီတို့ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။


Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။