Xiao Zhan ဆီကနေ အမှတ်တရလက်မှတ်လိုချင်တဲ့ လက်အောက်ဝန်ထမ်းကို ကူညီပေးခဲ့တဲ့ နာမည်ကြီးမင်းသမီး

Posted on - Dec 27 []

Mia Zin

စာရေးသူ

မကြာသေးခင်လပိုင်းတုန်းကမှ ထုတ်လွှင့်ပြသပြီးသွားခဲ့တဲ့ "The Untamed " ဇာတ်လမ်းတွဲနဲ့ လူသိများအောင်မြင်ခဲ့သူ Xiao Zhan ဟာဆိုရင် လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ တစ်ခဲနက်နှစ်သက်အားပေးခြင်းကို အခိုင်အမာရရှိနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်အရည်အချင်းအပြင် အဆိုပညာမှာလည်း ပါရမီပါတဲ့ Xiao Zhan ဟာ သရုပ်ဆောင်မင်းသားတစ်လက်အနေနဲ့သာမကပဲ အဆိုတော်တစ်ယောက်အဖြစ်နဲ့လည်း ပရိသတ်တွေရဲ့ လက်ခံအားပေးခြင်းကို ရရှိထားပါသေးတယ်။

ဒီလိုမျိုး အောင်မြင်မှုတွေ များစွာရရှိလာတာနဲ့အမျှ လုံခြုံရေးပိုမိုတင်းကြပ်လာတာမို့လို့ သူ့ကို ကြိုက်နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအနေနဲ့လည်း သူ့အနားကို ကပ်ရောက်ခွင့်၊ အမှတ်တရလက်မှတ်ရရှိခွင့်တွေလည်း အရင်ကလိုမလွယ်ကူတော့ပဲ ရှားပါးလို့လာခဲ့ပါတယ်။

ဒါပေမယ့် ကံကောင်းတဲ့ပရိသတ်တစ်ဦးကတော့ Xiao Zhan ဆီက အမှတ်တရလက်မှတ်ကို တခြားသောပရိသတ်တွေနဲ့ ကွဲပြားစွာရရှိခဲ့ပြီး အဆိုပါပရိသတ်ကို ကူညီပေးခဲ့သူကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီးဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ Liu Tao ပဲ ဖြစ်ပါတယ်။

အဲဒီပရိသတ်ဟာ မင်းသမီး Liu Tao ရဲ့ လက်အောင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမဟာ Xiao Zhan ရဲ့ အမှတ်တရလက်မှတ်ကို ရယူချင်တာကြောင့် သူမရဲ့အလုပ်ရှင်ဖြစ်သူ Liu Tao ကို အကူအညီတောင်းခဲ့ပုံရပါတယ်။ အလုပ်ရှင်ဖြစ်သူ Liu Tao ရဲ့ အကူအညီနဲ့ Xiao Zhan ကိုယ်တိုင်ရေးထိုးပေးလိုက်တဲ့ လက်မှတ်ကိုရရှိကြောင်းကို အဆိုပါပရိသတ်က သူမရဲ့လူမှုကွန်ရက်မှာမျှဝေဖော်ပြခဲ့ပြီး သူမရဲ့အလုပ်ရှင်ဖြစ်သူ Liu Tao ကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ဒီလိုမျိုးပို့စ်အပြင် အဲဒီပရိသတ်ဟာ သူမရဲ့ အလုပ်ကို ချစ်မြတ်နိုးကြောင်းကိုလည်း မျှဝေခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ၀န်ထမ်းမိန်းကလေးတင်လိုက်တဲ့ပို့စ်ဟာ တရုတ်လူမှုကွန်ရက်ဟာ အချိန်တိုအတွင်းပျံ့နှံ့လို့သွားခြဲ့ပီး အွန်လိုင်းအသုံးပြုသူတွေအနေနဲ့လည်း မှတ်ချက်ကောင်းတွေများစွာကို ပေးခဲ့ကြပါတယ်။

တချို့ပရိသတ်တွေကတော့ သဘောကောင်းပြီး ကြင်နာတတ်တဲ့ အလုပ်ရှင်ရဲ့လက်အောက်မှာ လုပ်ကိုင်ရသူကို သူမကို အားကျကြကြောင်းဖော်ပြခဲ့ပြီး တချို့သောပရိသတ်တွေကတော့ သူတို့တွေလည်း Liu Tao ရဲ့လက်အောက်မှာ အလုပ်လုပ်ချင်ကြောင်း၊ လုပ်ခအနေနဲ့ Xiao Zhan ရဲ့ အမှတ်တရလက်မှတ်ကိုသာလိုချင်ကြကြောင်း စနောက်ထားကြပါတယ်။

Ref : DramaPanda
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။