"The Batman" ဇာတ်ကားနဲ့ အောင်မြင်မှုမရခဲ့ရင် ညစ်ညမ်းကားရိုက်ကူးမယ်ဆိုတဲ့ ရောဘတ်ပတ်တင်ဆန်

Posted on - Dec 30 []

Mia Zin

စာရေးသူ

နိုင်ငံတကာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ "Twilight" စီးရီးထဲမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရောဘတ်ပတ်တင်ဆန် ဟာ လက်ရှိအချိန်မှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ "The Batman" ဇာတ်ကားနဲ့ပတ်သတ်ပြီး အကြောင်းအရာတစ်ခုကို ဖွင့်ဟခဲ့ပါတယ်။ အဲဒါကတော့ သူ့အနေနဲ့ "The Batman" ဇာတ်ကားနဲ့ အောင်မြင်မှုမရရှိခဲ့ဘူးဆိုရင် သူ့အနေနဲ့ နောက်ထပ်ခြေလှမ်းတစ်ခုကို စတင်ဖို့စီစဉ်ထားတယ်ဆိုတာပါပဲ။

အဲဒီခြေလှမ်းအသစ်ကတော့ ညစ်ညမ်းဇာတ်ကားရိုက်ကူးခြင်းပဲ ဖြစ်ပါတယ်။ ရောဘတ်ပတ်တင်ဆန် တစ်ယောက် The Batman ဇာတ်ကားမှာ ပါဝင်မယ်ဆိုတဲ့သတင်းတွေထွက်ရှိခဲ့ချိန်တုန်းက ပရိသတ်တွေအကြားမှာ ဝေဖန်မှုတွေဆူညံခဲ့တာကို ပရိသတ်တွေမှတ်မိကြဦးမှာပါ။

ဒီလိုမျိုး ဝေဖန်မှုတွေ၊ ရှုံ့ချမှုတွေ၊ အပြစ်တင်ကဲ့ရဲ့မှုတွေ ရရှိခဲ့တာကြောင့် သူ့အနေနဲ့ ဒီအချိန်အတွင်းမှာ အတော်လေးစိတ်ဓာတ်တွေ ကျဆင်းခဲ့ပုံပါပဲ။ ဒါကြောင့်လည်း ဒီလိုမျိုး ဖွင့်ပြောရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ ရောဘတ်ဟာ သူ့အနေနဲ့ "The Batman" ဇာတ်ကား မအောင်မြင်ဘူးဆိုရင် ညစ်ညမ်းကားရိုက်ကူးမယ်လို့ဆိုထားပေမယ့်လည်း သူ ရိုက်ကူးမယ်ဆိုတဲ့ ညစ်ညမ်းဇာတ်ကားကတော့ art house porn သဘောမျိုးဖြစ်တယ်လို့ စနောက်ပြောဆိုသွားခဲ့ပါတယ်။

ရောဘတ်ပတ်တင်ဆန်က သူ့ရဲ့ အရံခြေလှမ်းအသစ်ကို ပြောပြသွားခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ သူ့အနေနဲ့ ညစ်ညမ်းကားဘယ်တော့မှ ရိုက်ကူးဖြစ်မှာမဟုတ်ဘူးလို့ ဝေဖန်ချက်တွေပေးထားကြပါတယ်။ အကြောင်းအရင်းကတော့ Super Hero တွေရဲ့ ပရိသတ်တွေအနေနဲ့ Batman ကို အချိန်အတော်ကြာမျှော်လင့်စောင့်စားနေခဲ့ကြရတာကြောင့်ပါပဲ။

ဒါပေမယ့်လည်း တချို့ပရိသတ်တွေကတော့ ရောဘတ်ရဲ့ ရွေးချယ်တဲ့လမ်းမှန်သမျှကို လက်ခံအားပေးဖို့အသင့်ရှိတယ်လို့ ဆိုထားကြပါတယ်။ ရောဘတ်ပါဝင်ထားတဲ့ The Batman ကိုတော့ ဒါရိုက်တာ Matt Reeves က ရိုက်ကူးထားပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ရုံတင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Movieweb
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။