မြန်မာငွေ ကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိတဲ့ Accessories တွေဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ Xiao Zhan

Posted on - Dec 30 []

Mia Zin

စာရေးသူ

လက်ရှိမိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်နေတဲ့ Xiao Zhan ဟာ အခုပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တုန်းက တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Tencent Video All Star Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းအနုပညာကြယ်ပွင့်တွေကို တစ်စုတစ်စည်းမြင်တွေ့ခွင့်ရတဲ့ပွဲဖြစ်တာမို့လို့ တရုတ်နိုင်ငံအတွင်းရှိ ပရိသတ်တွေသာမက နိုင်ငံတကာက ပရိသတ်တွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတဲ့ ပွဲတစ်ပွဲတစ်ပွဲဖြစ်ပါတယ်။

ဒီပွဲကို Xiao Zhan တက်ရောက်လာချိန်မှာတော့ သူ့ရဲ့ချောမောကြည့်ကောင်းတဲ့ ရုပ်ရည်အသွင်အပြင်နဲ့ လိုက်ဖက်စွာ ၀တ်ဆင်ထားတဲ့ အ၀တ်အစားတွေ၊ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကလည်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အဲဒီဖမ်းစားနိုင်ခဲ့တဲ့အရာတွေထဲကမှ ပရိသတ်တွေကို အံ့အားသင့်မျက်လုံးပြုးစေခဲ့တဲ့အရာကတော့ သူ့ရဲ့ရင်ဘတ်မှာ ၀တ်ဆင်ထားတဲ့ ရင်ထိုးရဲ့တန်ဖိုးပါပဲ။ ပြင်သစ်နိုင်ငံအခြေစိုက် ကမ္ဘာကျော်လက်ဝတ်ရတနာအမှတ်တံဆိပ်ဖြစ်တဲ့ Cartier ကနေ ထုတ်လုပ်ထားတဲ့ အဆိုပါရင်ထိုးရဲ့တန်ဖိုးဟာဆိုရင် အမေရိကန်ဒေါ်လာ ၂ သိန်း ၃ သောင်းပတ်ဝန်းကျင်ရှိပြီး မြန်မာငွေနဲ့ဆိုရင်တော့ ကျပ်သိန်း ၃၅၀၀ ပတ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူ ၀တ်ဆင်ခဲ့တဲ့ လက်စွပ်ရဲ့ တန်ဖိုးဟာဆိုရင်လည်း စတာလင်ပေါင် ၁၇၄၀၀ ရှိပြီး မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့ ကျပ်သိန်း ၃၄၀ ပတ်ဝန်းကျင်ရှိတာကို တွေ့ရပါတယ်။

ဆွဲကြိုးရဲ့တန်ဖိုးကတော့ စတာလင်ပေါင် ၁၇၆၀၀ ရှိပြီး မြန်မာငွေနဲ့ဆိုရင် ဒီဆွဲကြိုးရဲ့တန်ဖိုးကလည်း ကျပ်သိန်း ၃၄၀ ကျော်ရှိတာမို့လို့ အဲဒီနေ့က Xiao Zhan ၀တ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေရဲ့ စုစုပေါင်းတန်ဖိုးဟာဆိုရင် မြန်မာငွေ ကျပ် သိန်း ၄၁၈၀ မျှရှိပါတယ်။

လက်ရှိအချိန်မှာ Xiao Zhan ဟာ တရုတ်နိုင်ငံရဲ့ အောင်မြင်လူကြိုက်အများဆုံးသော အနုပညာရှင်တစ်ယောက်ဖြစ်တာမို့လို့ သူ ၀တ်ဆင်လာခဲ့တဲ့ ဖက်ရှင်နဲ့ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုးဟာလည်း ပရိသတ်တွေ၊ သတင်းမီဒီယာတွေအတွက် စိတ်ဝင်စားစရာသတင်းတစ်ခုအသွင် ဖြစ်ခဲ့ပါတယ်။

Xiao Zhan ဟာ အဆိုပါပွဲမှာ Doki Popularity King, VIP Star နဲ့ Popular TV Actor of the Year ဆုကို ရရှိခြဲ့ပီး Popular TV Actor of the Year ဆုကိုတော့ The Untamed ဇာတ်လမ်းတွဲထဲမှာ သူနဲ့အတူ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Wang Yibo နဲ့အတူ ရရှိခဲ့တာ ဖြစ်ပါတယ်။

Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။