အမေထက်သာမယ့် သမီးချောလေးရဲ့အမိုက်စား ပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ Marian Rivera

Posted on - Jan 2 []

Myint Myat

စာရေးသူ

လွန်ခဲ့တဲ့ နှစ်တွေက ရေသူမလေး ဂျက်စီဘယ်အဖြစ်နဲ့ မြန်မာပရိသတ်တွေရဲ့နှလုံးသားကို လှုပ်ခတ်စေသူလေး Marian Rivera ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ အရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးနဲ့ သားလေးရယ်ကို ပိုင်ဆိုင်ထားသူလေးပါ။ ကလေးနှစ်ယောက်ရဲ့မေမေ ဖြစ်နေပြီဖြစ်တဲ့ Marian ကတော့ အရင်ကထက်တောင် ပိုပြီး လှလာပါသေးတယ်နော်။ လတ်တလောမှာတော့ Marian က သူမထက် ပိုသာမယ့် သမီးချောလေး Zia ရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ငယ်ငယ်လေးနဲ့ အနုပညာပိုး အပြည့်ပါတဲ့ Zia လေးကတော့ ပိုစ့်ပေးကြမ်းချက်က အမေထက်တောင် သာနေပါသေးပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အမေဖြစ်သူ Marian ထက်တောင် ပိုလန်းနေသေးတဲ့ ချစ်စရာသမီးလေး Zia ရဲ့အမိုက်စားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေမေ Marian ကတော့ "Ok, my child , I will start with you now mama is going home! It's different" ဆိုပြီး အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေး Zia ရဲ့အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

အမေနဲ့ တစ်ပုံစံတည်းတူတဲ့ ချစ်စရာသမီးလေး Zia...။

ဖိလစ်ပိုင်ရဲ့နာမည်အကြီးဆုံး စုံတွဲဖြစ်တဲ့ Ding dong Dantes နဲ့ Marian Rivera တို့ရဲ့သမီးကြီး Zia ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က မွေးဖွားသန့်စင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၄ နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

Marian ကတော့ သားအငယ်လေး Ziggy ကို မွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး Zia ကတော့ အဆိုပိုင်းကို ဝါသနာပါပြီး မကြာခဏဆိုသလို မိဘနှစ်ပါးကို သီချင်းတွေ ဆိုပြလေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းအေးချမ်းတဲ့ Marian တို့ မိသားစုလေး ဒီထက်မကသော ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေနဲ့ ဘဝြကီးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Myint Myat
Source;Marian Rivera's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။