အဖော်အချွတ်ပုံတွေကိုရောင်းပြီး သြစတေးလျတောမီးလောင်ကျွမ်းမှုအတွက် ကန်ဒေါ်လာ ၅ သိန်း မတည်လှူဒါန်းခဲ့တဲ့ မော်ဒယ်မလေး

Posted on - Jan 7 []

Mia Zin

စာရေးသူ

လတ်တလော ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကို ရရှိနေတဲ့ သတင်းတစ်ခုကတော့ သြစတေးလျနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ တောမီးလောင်ကျွမ်းမှုသတင်းပဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံဟာဆိုရင် ကမ္ဘာ့ရှားပါးတိရစ္ဆာန်တွေ အများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီလိုမျိုးတောမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးယုံသာမကပဲ တိရစ္တာန်အရေအတွက် သန်းပေါင်းများစွာဟာလည်း သေကြေပျက်စီးခဲ့ရပါတယ်။

ဒါကြောင့် နိုင်ငံတကာက နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေနဲ့အတူ ပရိသတ်တွေများစွာကလည်း သူတို့တွေအနေနဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ကြေကွဲဝမ်းနည်းကြောင်းကို လူမှုကွန်ရက်တွေအထက်ကနေ ရေးသားဖော်ပြခဲ့ကြပါတယ်။ တချို့သော အနုပညာရှင်တွေနဲ့ ငွေကြေးအင်အားတောင့်တင်းသူတွေကလည်း တတ်နိုင်တဲ့ငွေကြေးတွေကို ကူညီကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။

ဒီလိုမျိုး လှူဒါန်းခဲ့ကြတဲ့သူတွေထဲမှာ ကမ္ဘာ့လူသုံးအများဆုံးလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာအထက်က ဆယ်လီမော်ဒယ်မလေး Kaylen Ward ဟာလည်း တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ ဒါပေမယ့် သူမအနေနဲ့ လှူဒါန်းတဲ့ ပုံစံကတော့ တခြားသူတွေနဲ့ မတူကွဲပြားနေတာကို တွေ့ရပါတယ်။

အကြောင်းကတော့ သူမဟာ ကိုယ်ပိုင်ငွေကြေးကို ပုံအောပြီးလှူလိုက်တာမျိုးမဟုတ်ပဲ သူမရဲ့ အဖော်အချွတ်ပုံတွေကို သူမကိုယ်တိုင်ရိုက်ကူးပြီး တစ်ပုံကို အမေရိကန်ဒေါ်လာ ၁၀ နဲ့ ရောင်းချကာ စုပေါင်းပြီးရရှိလာတဲ့ ငွေတွေကို လှူဒါန်းခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးပုံတွေကို ရိုက်ကူးရောင်းချပြီးနောက် ရရှိလာတဲ့ငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ပြီး အဲဒီငွေတွေအကုန်လုံးကို သြစတေးလျတောမီးလောင်ကျွမ်းမှုအတွက် ကယ်ဆယ်ရေးမှာ အသုံးပြုနိုင်ဖို့ မတည်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုပုံတွေကို အင်စတာဂရမ်ကနေ အသိပေးရောင်းချခဲ့တာကြောင့် သူမရဲ့အင်စတာဂရမ်အကောင့်ဟာ ဖျက်သိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်တဲ့သူမဟာ အသက် ၂၀ အရွယ်သာရှိသေးတာဖြစ်ပြီး ၀တ်လစ်စလစ်ပုံတွေကို ရောင်းချမယ်ဆိုတဲ့ ပို့စ်တင်ပြီးနောက်မှာတော့ သူမရဲ့ Message Box ဆီကို စာအရေအတွက် ရာနဲ့ချီုပြီးရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ အကောင့်ပျက်သွားခဲ့တဲ့အတွက် နောက်တစ်ကောင့်ထပ်ဖွင့်ကာ အသုံးပြုခဲ့ပေမယ့်လည်း အဲဒီအကောင့်ဟာလည်း ပျက်သွားခဲ့ပါတယ်။

ဒီအကြောင်းတွေကို သူမက တွစ်တာကနေတဆင့် မျှဝေအသိပေးခဲ့ပြီး သူမရဲ့လုပ်ရပ်ကို မိဘတွေကလည်း သဘောမကျတာကြောင့် သူမကို သမီးအဖြစ်ကနေ စွန့်လွှတ်လိုက်ကြောင်း၊ သူမ သဘောကျနေတဲ့ ကောင်လေးကလည်း အဲဒီပို့စ်တွေ တွေ့ပြီးနောက်မှာ သူမကို စကားလာမပြောတော့ကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့လုပ်ရပ်ဟာ ခိုအားလားဝက်ဝံလေးတွေကို ကယ်တင်ပေးလိုက်နိုင်တာကြောင့် ကျေနပ်မိကြောင်းကိုလည်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

Ref : Daily Mail
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။