ဝန်ထမ်းတွေကို တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေ ၀ယ်ပေးခဲ့ကြဖူးတဲ့ K-pop Idol များ

Posted on - Jan 11 []

Mia Zin

စာရေးသူ

ကိုရီးယားအနုပညာရှင်တွေ၊ Idol တွေဟာဆိုရင် သူတို့တွေရဲ့ အချိန်အများစုကို အကသမားတွေ၊ ဆံပင်ပညာရှင်တွေ၊ မိတ်ကပ်ပညာရှင်တွေ၊ မန်နေဂျာတွေနဲ့သာ ကုန်ဆုံးကြရတာဖြစ်ပါတယ်။ ဒါကြောင့် Idol တွေဟာ သူတို့တွေရဲ့ဝန်ထမ်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေသဖွယ်ရင်းနှီးကြပြီး အမှတ်တရနေ့တွေကိုလည်း အတူတူဖြတ်သန်းကာ လက်ဆောင်ပစ္စည်းတွေ ပေးတတ်ကြပါတယ်။ အခုတင်ဆက်ပေးချင်တဲ့ Idol တွေကတော့ ၀န်ထမ်းတွေကို တန်ဖိုးကြီးမားလှတဲ့လက်ဆောင်ပစ္စည်းတွေ ၀ယ်ပေးခဲ့ကြဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

1. Chungha

တစ်ကိုယ်တော်အဆိုတော်မလေးဖြစ်တဲ့ Chungha ဟာဆိုရင် သူမနဲ့အမြဲတမ်းလိုလို အချိန်ကုန်ဆုံးနေခဲ့ကြဖူးတဲ့ အကသမားတွေကို ခရစ္စမတ်နေ့မှာ Louis Vuitton အမှတ်တံဆိပ်နဲ့ အိတ်တွေကို ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ ပေးတဲ့အခါမှာလည်း ဒီဇိုင်းပုံစံဆင်တူတွေမဟုတ်ပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ပုံစံနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းတွေကို သေချာရွေးချယ်ပြီးပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

2. MAMAMOO’s Hwasa

ဆွဲဆောင်မှုပြင်းလွန်းလှတဲ့ပုံစံနဲ့ ပရိသတ်တွေအကြားမှာ မကြာခဏဆိုသလို ပွဲဆူစေတဲ့ MAMAMOO အဖွဲ့ဝင် Hwasa ကတော့ သူမရဲ့ တစ်ကိုယ်တော်ပွဲထွက်သီချင်းဖြစ်တဲ့ “Twit” မှာ ပါဝင်တင်ဆက်ကပေးခဲ့ကြတဲ့ အကသမား (၁၀) ယောက်ကျော်ကို Prada, Balenciaga နဲ့ Fendi အစရှိတဲ့ နာမည်ကြီးအမှတ်တံဆိပ်အိတ်တွေကို ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအိတ်တွေနဲ့အတူ ငွေသားထည့်ထားတဲ့ စာအိတ်ကိုလည်း ထည့်ပေးခဲ့ပြီး သူမကိုယ်တိုင်ရေးသားထားတဲ့ ကဒ်ကိုလည်း တစ်ပါတည်းပေးခဲ့ပါသေးတယ်။

3-4. GFRIEND’s Sowon and SinB

GFRIEND ရဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဟာ သူမကို Sowon နဲ့ SinB တို့ပေးခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို အင်စတာဂရမ်ကနေတဆင့် ထုတ်ပြခဲ့ဖူးပါတယ်။ အဲဒါတွေကတော့ Gucci အမှတ်တံဆိပ်လည်ဆွဲနဲ့ Fendi အမှတ်တံဆိပ်လက်ပတ်တို့ပဲ ဖြစ်ပါတယ်။

5-8. BLACKPINK

နာမည်ကျော်အမှတ်တံဆိပ်တွေရဲ့ မော်ဒယ်တွေဖြစ်ကြတဲ့ BLACKPINK အဖွဲ့ဟာဆိုရင်လည်း သူမတို့အဖွဲ့ရဲ့ဝန်ထမ်းတွေကို တန်ဖိုးကြီးပိုက်ဆံအိတ်တွေပေးခဲ့ဖူးပါတယ်။ BLACKPINK အနေနဲ့ သူမတို့တွေရဲ့ ဆံပင်နဲ့ မိတ်ကပ်ပညာရှင်တွေကို PRADA အိတ်တွေပေးခဲ့တုန်းကဆိုရင်လည်း အတော်လေးကို ပရိသတ်တွေအကြားမှာ လူပြောများခဲ့ဖူးပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။