အဖွဲ့ထဲမှာ အဆိုပိုင်းသာမက ဘက်စုံထူးချွန်ကြတဲ့ K-pop Idol (၅) ဦး

Posted on - Jan 12 []

Mia Zin

စာရေးသူ

Idol လို့ဆိုလိုက်တာနဲ့ ပရိသတ်တွေအများဆုံးကတော့ သီချင်းသီဆိုပြီး ကပြဖျော်ဖြေကြတဲ့သူတွေလို့ပဲ မြင်ယောင်မိကြမှာပါ။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ အဆိုတော်တွေပေါ့။ဒါပေမယ့်လည်း အခုတင်ဆက်ဖေယ်ပြပေးချင်တဲ့ Idol (၅) ယောက်ဟာဆိုရင် သူတို့ရဲ့ အဖွဲ့တွေထဲမှာ သီချင်းသီဆိုတဲ့အပိုင်းသာမက တခြားသောအရာတွေမှာပါ ဘက်စုံထူးချွန်ကြတဲ့သူတွေဖြစ်တယ်လို့ ဖော်ပြအသိအမှတ်ပြုခြင်းကို ခံထားရသူတွေ ဖြစ်ကြပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. BTS’s Jungkook

BTS ရဲ့အဓိကအဆိုရှင်ဖြစ်တဲ့ Jungkook ဟာဆိုရင် အဖွဲ့ထဲမှာ ဘက်စုံထူးချွန်မှုအရှိဆုံးသော အဖွဲ့ဝင်ဖြစ်ပြီး အကပိုင်းနဲ့ပတ်သတ်လာရင်လည်း အရေးပါသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် တေးသီချင်းထုတ်လုပ်မှုမှာလည်း အရည်အချင်းရှိသူဖြစ်ပြီး တခြားသောဖျော်ဖြေရေးပိုင်းဆိုင်ရာတွေလည်း ထူးချွန်တာကြောင့် သူ့ကို BTS ရဲ့ Golden Maknae လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒါပေမယ့် သူ မလုပ်နိုင်တာတစ်ခုတော့ မျက်ရည်တွေကို အမြန်မထိန်းချုပ်နိုင်တာဖြစ်တယ်လို့ ပရိသတ်တွေက အရွှန်းဖောက်ထားကြတာကို တွေ့ရပါတယ်။

2. TWICE’s Jihyo

Jihyo ကတော့ TWICE အဖွဲ့ရဲ့အဓိကအဆိုရှင်ဖြစ်ယုံသာမကပဲ အဖွဲ့ခေါင်းဆောင်ဆိုတဲ့ တာဝန်ကိုယူထားရတာဖြစ်ပါတယ်။ K-pop လောကရဲ့ အတော်ဆုံးသော အဖွဲ့ခေါင်းဆောင်တွေထဲမှာ ပါဝင်တဲ့သူမရဲ့ ခေါင်းဆောင်နိုင်မှုစွမ်းဟာဆိုရင် TWICE အဖွဲ့ကို အမြဲတမ်းတစည်းတလုံးတည်းဖြစ်စေတယ်လို့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Momo က ပြောပြထားဖူးပါတယ်။ ဒါ့အပြင် အဖွဲ့ရဲ့ visual တစ်ယောက်လို့ဆိုရင်လည်း မမှားပါဘူး။

3. EXO’s Baekhyun

EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Baekhyun ကိုတော့ K-pop ရဲ့ ပရိသတ်တွေအများစုက "ပြီးပြည့်စုံမှုရှိလွန်းတဲ့ Idol" လို့တောင် ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ Idol တစ်ယောက်မှာရှိသင့်တဲ့ ရုပ်ရည်ပိုင်းဆိုင်ရာမှာလည်း ပြီးပြည့်စုံတဲ့ Baekhyun ဟာ သီချင်းသီဆိုမှုမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး အကပိုင်းမှာဆိုရင်လည်း အံ့သြမှင်တက်ဖို့ကောင်းလောက်အောင် ကျွမ်းကျင်သူဖြစ်ပါသေးတယ်။ ဒါ့အပြင် တီဗွီအစီအစဉ်တွေမှာလည်း လိမ္မာပါးနပ်စွာနဲ့ တင်ဆက်နိုင်သူတစ်ယောက်ဖြစ်ကာ YouTuber တစ်ယောက်အဖြစ်နဲ့ အောင်မြင်နေတဲ့သူဆိုရင်လည်း မမှားပါဘူး။

4. Gugudan’s Sejeong

Gugudan ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sejeong ဟာဆိုရင်လည်း အဖွဲ့ရဲ့အဓိကအဆိုရှင်တစ်ယောက်ဖြစ်ယုံသာမကပဲ သရုပ်ဆောင်ဘက်မှာ ထူးချွန်ဆုတွေရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်း သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့တဲ့သူဟာ ၂၀၁၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ School ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။

5. SEVENTEEN’s DK

SEVENTEEN ရဲ့ အဓိကအဆိုရှင်တစ်ယောက်ဖြစ်တဲ့ DK ဟာဆိုရင်လည်း အဆိုပိုင်းမှာကျွမ်းကျင်ပိုင်နိုင်ယုံသာမက Rap နဲ့ပတ်သတ်လာရင်လည်း အရည်အချင်းရှိသူဖြစ်ပါတယ်။ သူ့ရဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်နေထိုင်တတ်တဲ့ ပုံစံဟာလည်း ပရိသတ်တွေအတွက် ဖျော်ဖြေမှုဆန်ပြီး ရယ်မောစေတယ်လို့ ဆိုပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။