ဒီနှစ်ထဲမှာ ကိုရီးယားဒရမ်မာလောကကို လွှမ်းမိုးထားနိုင်မယ့် ခေါင်းဆောင်မင်းသမီး (၁၀) ယောက်

Posted on - Jan 12 []

Mia Zin

စာရေးသူ

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ နှစ်စဉ်ဆိုသလို လက်ချိုးရေတွက်လို့မရအောင် ထွက်ရှိလေ့ရှိသလို ဒီနှစ်ထဲမှာလည်း ပရိသတ်တွေစောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတွေဆိုတာက အမြောက်အများပါ။ အခုတင်ဆက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဒီနှစ်ထဲမှာ ကိုရီးယားဒရမ်မာလောကကို အပီအပြင်လွှမ်းမိုးထားနိုင်မယ့် ခေါင်းဆောင်မင်းသမီး (၁၀) ယောက်လို့ ထင်ကြေးပေးခန့်မှန်းခံထားရတဲ့ ချောပေ့၊ လှပေ့ မင်းသမီးတွေပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် မကြာခင်လပိုင်းအတွင်းမှာ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ဦးမယ့် မင်းသမီးတွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Kim Ji Won

ဇာတ်ပို့မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေရိုက်ကူးလာရပြီဖြစ်တဲ့ မင်းသမီး Kim Ji Won ကိုလည်း အခု ၂၀၂၀ ခုနှစ်ထဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ထပ်မံမြင်တွေ့ရဦးမှာဖြစ်ပါတယ်။

2. IU

အဆိုတော်အဖြစ်ကနေ သရုပ်ဆောင်အဖြစ်နဲ့ပါ အောင်မြင်မှုတွေရရှိနေတဲ့ IU ဟာဆိုရင် Moon Lover, My Mister နဲ့ Hotel Del Luna အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အထူးရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း သူမကို နောက်ထပ်ဇာတ်လမ်းတွဲတစ်တွဲနဲ့ ပရိသတ်တွေက မြင်တွေ့ချင်နေကြပြီး ဘယ်လိုဇာတ်ကောင်မျိုးကိုသရုပ်ဆောင်ဦးမလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

3. Suzy

Idol အဖြစ်ကနေ သရုပ်ဆောင်အဖြစ်ကို ကူးပြောင်းလာတဲ့ နောက်ထပ်မင်းသမီးတစ်လက်ကတော့ Miss A ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Suzy ဖြစ်ပြီး သူမဟာဆိုရင်လည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူမ နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Vagabond ကလည်း လက်ရှိမှာ ထုတ်လွှင့်ပြသလျှက်ရှိကာ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျနေတာကြောင့် နောင်လာမယ့်လပိုင်းတွေမှာလည်း ဘယ်လိုဇာတ်ကားမျိုးတွေ ရိုက်ကူးမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားလျှက်ရှိကြပါတယ်။

4. Kim Hye Yoon

တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးလေး Kim Hye Yoon ကိုတော့ ပရိသတ်တွေက ၂၀၁၉ ခုနှစ်ရဲ့ လူကြိုက်အများဆုံးဇာတ်လမ်းတွဲတွေဖြစ်တဲ့ Sky Castle နဲ့ Extraordinary You အစရှိတဲ့ ဇာတ်ကားတွေနဲ့ သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမကို ၂၀၂၀ ထဲမှာ ဘယ်လိုဇာတ်ကောင်မျိုးတွေနဲ့ တွေ့ရမလဲဆိုတာ ပရိသတ်တွေက ခန့်မှန်းမေးခွန်းထုတ်ထားကြတာကို တွေ့ရပါတယ်။

5. Jin Se Yeon

သမိုင်းနောက်ခံဇာတ်လမ်းတွဲတွေမှာ အတွေ့များခဲ့တဲ့ မင်းသမီး Jin Se Yeon ကိုလည်း ပရိသတ်တွေက ၂၀၂၀ ထဲမှာ ရိုမန်တစ်ဟာသအချစ်ဇာတ်လမ်းမျိုးတွေကို ပေါ့ပေါ့ပါးပါး ဇာတ်ကောင်မျိုးနဲ့ ရိုက်ကူးဖို့အတွက် မျှော်လင့်ထားကြပါတယ်။

6. Kim So Hyun

အသက် ၆ နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ စတင်ပွဲထွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင်သက်တမ်း ၁၀ နှစ်ကျော်နေပြီဖြစ်တဲ့ မင်းသမီး Kim So Hyun ကိုလည်း ပရိသတ်တွေက ၂၀၂၀ ထဲမှာ ဇာတ်လမ်းတွဲအသစ်တွေကို ရိုက်ကူးဖို့အတွက် မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။

7. Kim Yoo Jung

ကလေးသရုပ်ဆောင်အဖြစ်နဲ့ စတင်ခဲ့ပြီး လက်ရှိမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးမှုကို ရရှိနေတဲ့ မင်းသမီးလေး Kim Yoo Jung ကိုလည်း ဇာတ်ကောင်ပုံစံအသစ်တွေနဲ့ မြင်တွေ့ရဖို့အတွက် မျှော်လင့်ထားကြပါသေးတယ်။

8. Nam Ji Hyun

Specious Partners, 100 Days My Prince အစရှိတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အကြိုက်ကို ရရှိခဲ့သူ မင်းသမီး Nam Ji Hyun ဟာဆိုရင်လည်း ဒီနှစ်ထဲမှာ ကိုရီးယားဒရမ်မာလောကကို လွှမ်းမိုးနိုင်မယ့် မင်းသမီးတစ်လက်ဖြစ်တယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

9. Shin Ye Eun

တက်သစ်စမင်းသမီးလေးတစ်လက်ဖြစ်တဲ့ Shin Ye Eun ကိုလည်း ကိုရီးယားလူမျိုးပရိသတ်တွေက နောက်ထပ်ဇာတ်ကားတွေမှာ မြင်တွေ့ရဖို့ မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။

10. Lee Se Young

ကလေးဘ၀ကတည်း သရုပ်ဆောင်နယ်ပယ်ထဲကို ၀င်ရောက်ခဲ့ပြီး လက်ရှိမှာတော့ ၀ါရင့်မင်းသမီးတစ်လက်အဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီး Lee Se Young ကိုလည်း ဒီနှစ်ထဲမှာ မင်းသား Yoo Seung Ho နဲ့ တွဲဖက်ပြီး မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သူမရဲ့ သရုပ်ဆောင်မှုတွေကို အမျှော်လင့်ကြီး မျှော်လင့်ကြလို့နေပါပြီ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။