သူ့သားဟာ ဘယ်သူ့ကြောင့် အောင်မြင်မှုနည်းပါးခဲ့ရသလဲဆိုတာ မကွယ်မ၀ှက်ပြောပြခဲ့တဲ့ စီရော်နယ်ဒိုမိခင်

Posted on - Jan 12 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုရဲ့မိခင်ဖြစ်သူကတော့ သူ့သားဟာ တစ်စုံတစ်ယောက်ကြောင့် ဘောလုံးလောကမှာ တစ်ဦးချင်းဆုတံဆိပ်တွေ ရသင့်သလောက် မရခဲ့ရှာဘူးလို့ မကွယ်မ၀ှက်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ (၂၁) ရာစုရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့အပြိုင် သတ်မှတ်ခံထားရတာပါ။ ဘောလုံးလောကမှာ သူ့လိုကစားသမားမျိုး နောက်ထပ်ပေါ်ထွက်လာဖို့ မလွယ်ကူတော့ဘူးလို့ အားလုံးက သတ်မှတ်ထားခဲ့ကြတာပါ။

ကျွန်းငယ်လေးကနေ ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့တဲ့ စီရော်နယ်ဒိုဟာ Ballon d'Or ဆု (၅) ကြိမ်ရယူနိုင်ခဲ့တဲ့အထိ ကမ္ဘာကြီးကို ထိုးဖောက်နိုင်ခဲ့တယ်။ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တယ်။ ပြောရရင် တကယ့်ကို အခမ်းနားဆုံးအရာတွေကို စီရော်နယ်ဒိုတစ်ယောက် သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ဒီလောက်အထိအောင်ြမင်နေပေမယ့် စီရော်နယ်ဒိုရဲ့မိခင်ဖြစ်သူကတော့ သူ့သားရဲ့အောင်မြင်မှုကို ကျေနပ်သေးပုံမရပါဘူး။ ဘောလုံးလောကရဲ့ မာဖီးယားကြောင့် စီရော်နယ်ဒိုဟာ Ballon d'Or ဆုကို ရသင့်သလောက် မရခဲ့ဘူးလို့ စီရော်နယ်ဒိုရဲ့မိခင်ဖြစ်သူက ခပ်ဆန်းဆန်း ဆိုခဲ့ပါတယ်။

"အဲဒီမှာ မာဖီးယားတစ်ယောက်ရှိတယ်။ ဘောလုံးလောကရဲ့မာဖီးယားပေါ့။ ဘောလုံးမာဖီးယားကြောင့် မဟုတ်ရင် ကျွန်မရဲ့သားဟာ တစ်ဦးချင်းဆုတံဆိပ်တွေကို ပိုပြီးရယူနိုင်မှာ။ တကယ်လို့ သူဟာ အင်္ဂလန် ဒါမှမဟုတ် စပိန်ကဆိုရင်လည်း ဘောလုံးမာဖီးယားက သူ့ကိုအခုလို ပြုလုပ်မှာမဟုတ်ဘူး။

သူဟာ ပေါ်တူဂီဖြစ်ပြီး Madeira ကလာတဲ့အတွက် အခုလိုတွေ ဖြစ်ပျက်နေတာပါ"လို့ စီရော်နယ်ဒိုရဲ့မိခင်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့မိခင်ပြောစကားဟာ ဘောလုံးပရိသတ်တွေကြားမှာလည်း ဆန်းပြာခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။