မက်ဆီဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ မကွယ်မ၀ှက် ပွင့်လင်းစွာ ပြောကြားသွားခဲ့တဲ့ ဒီမာရီယာ

Posted on - Jan 12 []

Gunner Ksr

စာရေးသူ

ဒီမာရီယာရဲ့ မက်ဆီအပေါ် ပြောကြားချက်တွေက တကယ့်ကို ခံစားသက်ဝင်မှုပြင်းထန်လွန်းပြီး အားလုံးရဲ့နှလုံးသားကို ဆိုနင့်သွားစေမှာပါ။ ဒီမာရီယာနဲ့ မက်ဆီဆိုတာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ နှစ်ပေါင်း အတော်ကြာတဲ့အထိ တွဲကစားလာကြသူတွေဖြစ်ပါတယ်။ မက်ဆီနဲ့အတူတူ အတက်အကျ ကြမ်းလွန်းတဲ့ အာဂျင်တီးနားကစားသမားဘ၀ကို ဒီမာရီယာတစ်ယောက် မျှဝေခံစားနေရခြင်းပါပဲ။ အခုအခါမှာတော့ ဒီမာရီယာဟာ Oh My Goal နဲ့ တွေ့ဆုံရာမှာ မက်ဆီကိုပြောချင်နေတဲ့ သူ့ရင်ထဲက စကားတွေကို အိတ်သွန်ဖာမှောက် ပြောကြားသွားခဲ့ပါတယ်။ မက်ဆီပရိသတ်တွေအတွက် မျက်ရည်ခိုင်မှ ဖတ်ပါလို့ မှာကြားချင်ပါတယ်။

ဒီမာရီယာပြောပြတဲ့ မက်ဆီအကြောင်း

ငါက ထိပ်တန်းကစားသမားကောင်းများစွာနဲ့ တွဲကစားခဲ့ရတယ်။ အဲဒီအထဲ အကောင်းဆုံးတစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် အဲဒီသူက မင်းပဲဖြစ်လိမ့်မယ် လီယွန်နယ်မက်ဆီ။ ဘောလုံးလောကမှာ မင်းစွမ်းဆောင်ခဲ့သလိုမျိုး ဘယ်သူ့မှ မလုပ်နိုင်ခဲ့ဘူး။ ဒီအချက်ကပဲ မင်းဟာ အားလုံးထက်ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခုမှာ ရောက်နေတယ်ဆိုတာကို ပြသနေတာပဲလေ။

မင်းက စီရော်နယ်ဒို ဒါမှမဟုတ် အီဘရာဟီမိုဗစ်တို့ထက် ပိုကောင်းတဲ့သူလားလို့ မီဒီယာတွေက ငါ့ကိုမေးကြတယ်။ သိပ်သေချာတာပေါ့ကွာ။ မင်းက အမြဲတမ်း အကောင်းဆုံးပါပဲ။ မင်းရဲ့စွမ်းဆောင်ရည်တွေကို စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်ဘူး လီယို။ မင်းကိုငါ တကယ် သဘောကျတယ် လီယို။

၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးကိုရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတုန်းက မင်းပြောခဲ့တဲ့စကားတွေကို ငါ သိပ်သဘောကျတာ။ 'ငါတို့အသင်းရဲ့စွမ်းဆောင်ရည်အတွက်ဂုဏ်ယူမိတယ်'လို့ မင်းပြောခဲ့တယ်မလား။ လူငယ်ကစားသမားတွေတော်တော်များများ အာဂျင်တီးနားဂျာစီကို ၀တ်ဆင်ခွင့်ရတာကို မင်းသိပ်သဘောကျနေခဲ့တာမလား။

မင်းစကားပြောပြီးပြီးချင်း အားလုံးငိုကြွေးခဲ့ကြတယ်လေ။ မင်းရဲ့စကားတွေက ငါတို့ရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့တယ်။ မင်းက ဝေဖန်မှု၊ တိုက်ခိုက်မှုတွေ အများကြီးခံခဲ့ရတယ် လီယို။ အချိန်တိုင်းမှာ အားလုံးထက် ဝေဖန်မှုတွေ ပိုရင်ဆိုင်ရတဲ့လူဟာ မင်းပဲ ဖြစ်ခဲ့တယ်။ "နိုင်ငံတော်သီချင်း လိုက်မဆိုဘူး"ဆိုတဲ့ ဝေဖန်သံတွေ၊ အသင်းခေါင်းဆောင်မပီသဘူးဆိုတဲ့ တိုက်ခိုက်မှုတွေက မင်းအတွက် အရမ်းခါးသီးလွန်းမယ်ထင်တယ် လီယို။ ဒါပေမဲ့ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲမှာတော့ မင်းက ဒါတွေအားလုံးကို သက်သေပြနိုင်ခဲ့တယ် မဟုတ်လား။

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မင်းက အသင်းသားတွေအားလုံးရှေ့မှာ၊ ဂျာနယ်လစ်တွေရှေ့မှာ လီယွန်မယ်ဆီ အစစ်အမှန်ကို ပြသခဲ့တယ်။ ငါသိပ်ချစ်တဲ့ လီယွန်နယ်မက်ဆီဆိုတာ ဒီလိုမျိုးပါပဲ။ မင်းက တကယ့်ကို မှော်ဆရာတစ်ပါးပဲ။ မင်းရဲ့မျက်လုံးဖွဲ့စည်းပုံက ငါတို့လိုသာမန်လူတွေနဲ့ မတူဘူးလို့ ခံစားရတယ်။ နောက်ပြီး မင်းက ဌက်တစ်ကောင်လိုပဲ လျင်မြန်လွန်းတယ်။ မင်းလိုလူမျိုးနဲ့ တွဲကစားရတာကို ငါ တကယ်ပဲ ပျော်မိပါတယ် လီယို။ နောက်ဆုံး ကမ္ဘာကြီးကို ငါပြောချင်တဲ့ စကားတစ်ခွန်းက "မက်ဆီက အချိန်တိုင်းအကောင်းဆုံးပဲ"ဆိုတာပါပဲ။

Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။