စမောလင်းကို အရူးလုပ်ကာ လှလှပပ လှည့်ထွက်နိုင်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့အမိုက်စားစွမ်းဆောင်ရည်

Posted on - Jan 13 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုကတော့ စမောလင်းကို လှလှပပ လှည့်ထွက်ပြီး အမိုက်စားစကေးကို ပြသသွားခဲ့တာပါပဲ။ ရိုးမားနဲ့ ဂျူဗင်တပ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၁၉) ကတော့ အကြိတ်အနယ်ရှိစွာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတာပါ။ ဒီပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပြီး သူတို့ရဲ့ပုံစံကောင်းကို ပြသကာ အဝေးကွင်းမှာပဲ အလဲထိုးအနိုင်ယူနိုင်ခဲ့တာပါ။

အင်တာမီလန်အသင်း ခြေချော်မှုကို အခွင့်ကောင်းယူဖို့အတွက် ဂျူဗင်တပ်ဟာ ဒီပွဲစဉ်မှာ ပွဲအစကတည်းက လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့တာပါ။ စီရော်နယ်ဒို၊ ဒိုင်ဘာလား၊ ရာဘီအော့ဖ်၊ ရမ်ဆေးတို့ရဲ့ တိုက်စစ်တွဲလုံးကို ရိုးမားတို့ လုံးဝမထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ဂျူဗင်တပ်တို့ ပွဲအစ (၁၀) မိနစ်အတွင်းမှာပဲ ဦးဆောင်ဂိုး (၂) ဂိုး ရရှိသွားခဲ့တာပါ။ ဒီပွဲစဉ်မှာ စီရော်နယ်ဒိုက ထုံးစံအတိုင်း ဂျူဗင်တပ်တိုက်စစ်ကို အကောင်းဆုံးဦးဆောင်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ စကေးတစ်ခုကလည်း ပရိသတ်တွေကြား လူပြောများခဲ့တာပါ။

ဒါကတော့ စီရော်နယ်ဒိုဟာ ရိုးမားနောက်ခံလူစမောလင်းကို အရူးလုပ်ကာ လှလှပပ လှည့်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ လှည့်ထွက်မှုအောက်မှာ စမောလင်းတစ်ယောက် မျောပါသွားခဲ့ပြီး ဘယ်လိုမှ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ စမောလင်းကို လှောင်ပြောင်ခဲ့ကြသလို တစ်ဖက်မှာလည်း စီရော်နယ်ဒိုကို ချီးကျူးခဲ့ကြပါတယ်။ ဂျူဗင်တပ်ဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။