သေးသွယ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်လွင်နေတဲ့ ဝတ်စုံလေးနဲ့ ကြော်ငြာရိုက်နေတဲ့ ဖြူဖြူထွေး

Posted on - Jan 13 []

Myint Myat

စာရေးသူ

ထူးခြားတဲ့ ဟန်​ပန်​အမူအယာ​တွေနဲ့ အနုပညာမှာ ထူးချွန်တာ​ကြောင့်​ပရိသတ်​တွေကြားမှာ တစ်​ရှိန်​ထိုး နာမည်​ကြီးလာတဲ့ ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးက​တော့ အရမ်းကို ချစ်စရာကောင်းလွန်းခဲ့တာကြောင့် လူတိုင်းက ချစ်ခင်အားပေးနေခဲ့ကြရတဲ့ သူလေးတစ်ယောက်ပါ။ ဖြူဖြူထွေးကတော့ လတ်​တ​လောမှာ ကြော်ငြာရိုက်ကူးနေတဲ့ သူမရဲ့အလှပုံရိပ်တစ်ချို့ကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖြူဖြူ​ထွေးရဲ့ပုံရိပ်တွေကြောင့်​ ပရိသတ်​တွေကလည်း သ​ဘောကျ အချစ်​ပို​နေရတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် သေသေချာချာကြည့်လေ ပိုပိုလှလာလေဖြစ်တဲ့ ချစ်စရာကောင်မလေး ဖြူဖြူထွေးရဲ့ကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ "စူပ ခြင်ဆေးခွေကြော်ငြာ ရိုက်ကွင်းပေါ်က 💐💐💐💐💐💐💐💐💐💐💐💐💐💐💐" ဆိုပြီး အရမ်းကိုလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှလေး ပေါ်လွင်နေတဲ့ သူမရဲ့ကြော်ငြာရိုက်ကွင်းပေါ်က ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ်တွေ ပျော်ရွှင်​အောင် ဖျော်ဖြေပေးနေတဲ့ ဖြူဖြူထွေးက​တော့ အခုဆို ဇာတ်​ကား​တွေပါ ရိုက်​ကူး​နေရပြီပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရမ်းကို ဖြူစင်​ရိုးသားပြီး စိတ်​ထားမွန်​မြတ်​တဲ့ ချစ်စရာကောင်မလေး ဖြူဖြူ​ထွေးကို သ​ဘောကျရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Phyu Phyu Htwe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။