ပရီးမီးယားလိဂ်မှာ တခြားကစားသမးတွေ ရယူနိုင်ဖို့ ခက်ခဲတဲ့ စံချိန်တစ်ခုကို ရရှိသွားခဲ့တဲ့ အဂူရို

Posted on - Jan 13 []

Gunner Ksr

စာရေးသူ


မန်စီးတီးတိုက်စစ်မှူးအဂူရိုကတော့ အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြကစားပြီး ဟက်ထရစ်သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက် အဂူရိုဟာ တခြားကစားသမားတွေ ရယူနိုင်ဖို့ မလွယ်တဲ့စံချိန်ကောင်းတစ်ခုကို ထပ်မံရရှိသွားခဲ့တာပါ။ ဗီလာနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက တစ်ဖက်သတ်ဖိကစားပြီး သက်သောင့်သက်သာနဲ့ အနိုင်ယူသွားနိုင်ခဲ့တာပါ။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ တိုက်စစ်ပိုင်းမှာ အဂူရိုကို ပြန်လည်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဂူရိုဟာ ဒီပွဲစဉ်မှာ အကောင်းမွန်ဆုံးခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီးအသင်းအတွက် ဟက်ထရစ်သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဂိုးတွေကြောင့် အဂူရိုဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၇၆) ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အဂူရိုဟာ အွန်နရီ(၁၇၅ ဂိုး)ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်မှာ လာကစားတဲ့ နိုင်ငံခြားသားကစားသမားတွေထဲမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်သွားနိုင်ခဲ့ပါပြီ။

အဂူရိုဟာ မန်စီးတီးအသင်းကို ၂၀၁၁ ခုနှစ်က စတင်ရောက်ရှိလာခဲ့ပြီး (၉) ရာသီကြာ ကစားပြီးနောက်မှာ အခုလိုစံချိန်မျိုး ရရှိခဲ့တာပါ။ ဒါ့အပြင် အဂူရိုဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄) ကြိမ် ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။