BTS အဖွဲ့ဝင် V နဲ့ မင်းသမီး Kim Yoo Jung တို့ ရထားအတူစီးပြီး ဒိတ်ခဲ့ကြတယ်ဆိုတဲ့ သတင်းများထွက်ပေါ်

Posted on - Jan 13 []

Mia Zin

စာရေးသူ

ဇန်န၀ါရီလ ၁၂ ရက်နေ့ မနေ့တုန်းက အွန်လိုင်းအသုံးပြုသူ K-pop ပရိသတ်တွေအကြားမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းစကားတစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် Idol တစ်ယောက်ဖြစ်တဲ့ BTS အဖွဲ့ဝင် V နဲ့ ပရိသတ်တွေရဲ့အချစ်ကို လက်ခံရရှိထားတဲ့ မင်းသမီးလေး Kim Yoo Jung တို့ ၂ ယောက် ချစ်ကြိုက်နေကြတယ်ဆိုတာပါပဲ။

ဒီသတင်းတွေဟာ V တစ်ယောက် အများပြည်သုံး မြေအောက်ရထားကို သာမန်လူတစ်ဦးလိုမျိုး စီးနင်းနေတဲ့ပုံထွက်ပေါ်လာပြီးနောက်မှာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ Kim Yoo Jung ဟာလည်း အဲဒီနေ့တစ်နေ့တည်းမှာပဲ မြေအောက်ရထားကို စီးနင်းလိုက်ပါခဲ့တာဖြစ်ပြီး သူမရဲ့ပုံရိပ်တွေဟာလည်း ထွက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီလိုပုံတွေထွက်ရှိလာခဲ့ပြီးနောက်မှာတော့ V နဲ့ Kim Yoo Jung တို့ ၂ ယောက်ဟာ မြေအောက်ရထားပတ်စီးပြီး ဒိတ်နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ကာ ထိုင်နေတဲ့ V ရဲ့ အရှေ့မှာ Kim Yoo Jung က မတ်တပ်ရပ်နေတာဖြစ်နိုင်တယ်ဆိုပြီး ဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တကယ်တော့ ဒီသတင်းတွေဟာ အစစ်အမှန်တွေမဟုတ်ပဲ ပရိသတ်တွေအကြားမှာ စနောက်ပြောဆိုထားကြတဲ့ စကားများသာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းဟာ စတင်ထွက်ရှိချိန်တုန်းကတော့ ပရိသတ်တွေအတွက် ထိတ်လန့်အံ့သြစရာဖြစ်ခဲ့ပေမယ့် သတင်းတွေဖြစ်ပေါ်လာပုံရဲ့ အစအဆုံးကိုသိရှိပြီးချိန်မှာတော့ ဟာသတစ်ပုဒ်အသွင်ပဲ ကျန်ရှိခဲ့ပါတယ်။

၂ ယောက်သားရဲ့ ဓာတ်ပုံတွေဟာ အကြောင်းအရင်းတိုက်ဆိုင်စွာနဲ့ ထွက်ရှိလာခဲ့တဲ့ ဒီသတင်းနဲ့ပတ်သတ်ပြီး သင့်အနေနဲ့ ဘယ်လိုများခံစားမိရသလဲဆိုတာကို ဝေမျှပေးခဲ့ကြပါဦးနော်။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။