(BREAKING) ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ်လို့ တရားဝင်အသိပေးလိုက်တဲ့ EXO အဖွဲ့ဝင် Chen

Posted on - Jan 13 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အမျိုးသားအဆိုတော် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chen ဟာဆိုရင် သူ့ရဲ့ချစ်သူ မိန်းကလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သူကိုယ်တိုင် လက်ရေးမူနဲ့ရေးသားထားတဲ့ စာတစ်စောင်နှင့်အတူ အသိပေးကြေညာလိုက်ပါတယ်။

လက်ထပ်ရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ချစ်သူကောင်မလေးမှာ ကိုယ်ဝန်ရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော့်ရဲ့ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်ကို သူမနဲ့အတူ ဖြတ်သန်းချင်ပါတယ် ဒီအကြောင်းကို ကျွန်တော့်ရဲ့အဖွဲ့ဝင်တွေနဲ့ရော ကုမ္ပဏီနဲ့ပါ တိုင်ပင်ပြီးမှ ပရိသတ်တွေကို အသိပေးရခြင်းဖြစ်ပါတယ် " ဆိုပြီး ပြောထားခြင်းဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီလိုမျိုး အသိမပေးခင် အချိန်မှာလည်း အများကြီး စဉ်းစားခဲ့ကြောင်းနဲ့ အချိန်အကြာကြီး မဖုံးကွယ်ထားချင်တာကြောင့် ပရိသတ်တွေကို ဖွင့်ဟပြောပြခဲ့တာဖြစ်ကြောင်းကို တစ်ပါးတည်း ရေးသားဖော်ပြထားခြင်း ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီလိုသတင်းကြားရချိန်မှ အကြီးအကျယ်ထိတ်လန့်နေကြကာ မယုံကြည်နိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူမိန်းကလေးအပေါ်မှာ တာဝန်ယူစိတ်အပြည့်နဲ့ ဒီလိုဆုံးဖြတ်ချက်မျိုးချလိုက်တာကတော့ ချီးကျူးစရာပါပဲ။

Ref : KStarLive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။