ကိုယ်ဝန်ရှိနေတဲ့ ချစ်သူကောင်မလေးနဲ့ Chen လက်ထပ်တော့မယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်း SM အတည်ပြု

Posted on - Jan 13 []

Mia Zin

စာရေးသူ

ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းလောက်က ထွက်ရှိလာတဲ့ Chen တစ်ယောက် သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဟာ လက်ရှိမှာတော့ ပရိသတ်တွေအတွက် မယုံကြည်နိုင်စရာကောင်းတဲ့ သတင်းတစ်ခုအသွင်ဖြစ်နေတယ်ဆိုပေမယ့်လည်း Chen ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ကတော့ ဒီသတင်းဖြစ်ရပ်ဟာ မှန်ကန်မှုရှိကြောင်းကို အတည်ပြုထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

SM ရဲ့အတည်ပြုချက်မှာတော့ Chen ရဲ့ သတို့သမီးလောင်းဟာ ကိုယ်ဝန်ရှိနေတာ မှန်ကန်ကြောင်းနဲ့ အပြင်သာမန်မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ ပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါမိန်းကလေးဟာ အပြင်သာမန်မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ အချက်အလက်အတိအကျကိုတော့ ဖော်ပြသွားမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

Chen ဟာ ဒီသတင်းကို သူကိုယ်တိုင်လက်ရေးနဲ့ ရေးသားထားတဲ့စာမူနဲ့အတူ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအသိမပေးခင်အချိန်မှာ သူ့အနေနဲ့ သတ္တိတွေမွေးခဲ့ရကြောင်းကိုလည်း အသိပေးစာထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Chen ဟာ စတင်ပွဲထွက်ချိန်ကနေ ဒီနေ့အချိန်ထိ ချစ်သူရည်းစားနဲ့ ပတ်သတ်ကာ မည်သည့်သတင်းမျှ ထွက်ရှိလာခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေကတော့ ဒီသတင်းကို မယုံကြည်နိုင်ဖြစ်ကာ အံ့သြနေကြတာ ဖြစ်ပါတယ်။ Chen ရဲ့ ချစ်သူမိန်းကလေးဟာ အပြင်သာမန်မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကိုပဲ အသိပေးထားတာဖြစ်ပြီး ဘယ်သူ၊ ဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိပါဘူး။

မင်္ဂလာပွဲကိုတော့ အကျဉ်းချုံးကာ နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းနဲ့ မိတ်ဆွေသူငယ်ချင်းအချို့နဲ့ ကျင်းပသွားမှာဖြစ်ပြီး ဘယ်နေ့၊ ဘယ်ရက်မှာ ပြုလုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူစိတ်အပြည့်ရှိတဲ့ Chen တစ်ယောက် ချစ်ရတဲ့မိန်းကလေးနဲ့အတူ ပျော်ရွှင်ပြီးအောင်မြင်တဲ့ အိမ်ထောင်သည်ဘ၀ကို ထူထောင်သွားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။