ပရိသတ်တွေ လုံးဝမကြားချင်တဲ့ စကားတစ်ခွန်းကို ၀မ်းနည်းဖွယ် ပြောချလိုက်တဲ့ မက်ဆီ

Posted on - Jan 13 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီကတော့ ဘောလုံးပရိသတ်တွေ လုံးဝမကြားချင်ဆုံး စကားတစ်ခွန်းကို Ballon d'Or ဆုပေးပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ 2019 Ballon d'Or ကို ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒို၊ လီဗာပူးနောက်ခံလူဗန်ဒိုက်ခ်ျတို့ကို ကျော်ဖြတ်ပြီး ရယူသွားနိုင်ခဲ့တာပါ။ ဒါကြောင့် မက်ဆီဟာ Ballon d'Or ဆုကို (၆) ကြိမ်မြောက်ရရှိတဲ့ ပထမဆုံးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီအတွင်း ဘာစီလိုနာအသင်းအတွက် လာလီဂါဆုဖလားကို ရယူပေးနိုင်ခဲ့သလို တစ်ဦးချင်းစွမ်းဆောင်ရည်တွေကိုလည်း အကောင်းဆုံးပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ အခုလို Ballon d'Or ဆု ရရှိသွားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့လည်း ရှိနေပါတယ်။

မက်ဆီဟာ အဲဒီဆုပေးပွဲမှာ ဘောလုံးပရိသတ်တွေ မကြားချင်ဆုံးစကားတစ်ခွန်းကို ၀မ်းနည်းဖွယ်ပြောကြားသွားခဲ့တာပါ။ ဒါကတော့ မက်ဆီဟာ သူ့အနားယူတော့မယ့်ရက် တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်ကြောင်း ပြောကြားသွားခဲ့တာပါ။

"အနားယူမယ့်အချိန်ကတော့ နီးကပ်လာပါပြီ။ ဒီအခိုက်အတန့်ကို ကျွန်တော်အလွန်နှစ်ခြိုက်ပေမယ့် အနားယူမယ့်ရက်တွေ တဖြည်းဖြည်းနဲ့ နီးစပ်လာပြီဆိုတာတော့ သိပါတယ်။ အချိန်တွေက ကုန်ဆုံးလာပါပြီ။ နှစ်တွေအများကြီး ကစားနိုင်အောင် ဘုရားသခင်က ကျွန်တော့်ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။

အခု ကျွန်တော့်အသက် (၃၂) နှစ်ရှိပြီ။ ဒီရာသီကုန်ရင် (၃၃)။ အရာရာက ကျွန်တော့် ခန္ဓာကိုယ်ပိုင်းကြံ့ခိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။ လက်ရှိအချိန်အထိတော့ ကျွန်တော့်ကြံ့ခိုင်မှုက အကောင်းဆုံးမှာ ရှိနေသေးတယ်"လို့ မက်ဆီက ပြောကြားသွားခဲ့တာပါ။ မက်ဆီသာ အနားယူသွားခဲ့ရင်တော့....

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။