မန်ယူမှာ ပေါ့ဂ်ဘာ ဆက်ရှိ၊ မရှိဆိုတာ မကွယ်မ၀ှက်တမ်း တိတိကျကျ ဒဲ့ပြောသွားခဲ့ပြီဖြစ်တဲ့ ရွိုင်အိုလာ

Posted on - Feb 29 []

Gunner Ksr

စာရေးသူ

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူပေါ့ဂ်ဘာအနေနဲ့ မန်ယူအသင်းမှာ ဆက်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး စူပါအေးဂျင့်ရွိုင်အိုလာကတော့ တိတိကျကျ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပေါ့ဂ်ဘာဟာ မန်ယူအသင်းမှာ ဆက်လက်ကစားလိုခြင်းမရှိတော့ဘူးလို့ သတင်းတွေထွက်ပေါ်ရှိနေပြီး ရည်ရွယ်ချက်ရှိရှိ ကစားပွဲတွေကို လွဲချော်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပေါ့ဂ်ဘာဟာ ဒဏ်ရာကို အကြောင်းပြကာ လေ့ကျင့်ရေးကွင်းကို လာရောက်ဖို့ ပျက်ကွက်ခဲ့ပေမယ့် ပါတီတစ်ခုမှာ အလွန်ပျော်ရွှင်စွာ ကခုန်နေတဲ့ပုံရိပ်တွေက မန်ယူပရိသတ်တွေအတွက် ဒေါသထွက်ချင်စရာ ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်ဖို့ မန်ယူပရိသတ်တွေက တောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါ့ဂ်ဘာဟာ မန်ယူအသင်းကနေ ထွက်ခွာချင်တယ်လို့ ၀န်ခံထားခဲ့ပြီး လာလီဂါထိပ်သီးကလပ်ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အလွန်စိတ်အားထက်သန်လျက်ရှိသူပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာရဲ့အေးဂျင့်ရွိုင်အိုလာက ပေါ့ဂ်ဘာဟာ မန်ယူမှာ ပျော်ရွှင်နေပြီး သူ့ရဲ့အနာဂတ်ဟာ ဒီအသင်းမှာပဲ ဆက်ရှိလိမ့်မယ်လို့ ဆိုခဲ့ပြန်ပါတယ်။ "ပေါ့ဂ်ဘာဟာ အောင်မြင်ချင်တယ်။ ပျော်ရွှင်ချင်တယ်။ ဆုကြေးတွေ ရယူချင်တယ်။

အဲဒီလိုအရာတွေကို မန်ယူအသင်းနဲ့ ရယူရတာကို အလွန်ကြိုက်နှစ်သက်သူပါ။ ရီးရဲမက်ဒရစ်ဆီကနေ အလွန်စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် မန်ယူကလည်း ထွက်ခွာခွင့်မပြုပါဘူး။ ကျွန်တော်က ကစားသမားရဲ့ဆန္ဒအတိုင်း ပြုမူရတဲ့သူပါ"လို့ ရွိုင်အိုလာက ပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာရဲ့အနာဂတ်ဟာ ပိုမိုစိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။