ချစ်သူမိန်းကလေးနဲ့ မင်္ဂလာပွဲပြုလုပ်ပြီးသွားပြီလို့ သတင်းတွေထွက်နေတဲ့ EXO အဖွဲ့ဝင် Chen

Posted on - Jan 13 []

Mia Zin

စာရေးသူ

ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းလောက်က ထွက်ရှိလာတဲ့ EXO အဖွဲ့ဝင် Chen ရဲ့လက်ထပ်မင်္ဂလာသတင်းကို ပရိသတ်တွေ အတော်များများသိထားပြီး ဖြစ်မှာပါ။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှာတော့ Chen ဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ မင်္ဂလာပွဲဆင်နွှဲပြီးပြီဖြစ်ပြီး မိန်းကလေးရဲ့ကိုယ်ဝန်ဟာလည်း ၇ လပတ်ဝန်းကျင်ထဲကို ရောက်နေပြီလို့ဖော်ပြထားပါတယ်။

ကျန်ရှိတဲ့ဘဝသက်တမ်းကို ချစ်သူမိန်းကလေးနဲ့အတူ ဖြတ်သန်းချင်ကြောင်းနဲ့ ချစ်သူမိန်းကလေးဆီမှာ သူ့ရဲ့ရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်းကို Chen က ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ သူကိုယ်တိုင်လက်ရေးနဲ့ ရေးသားကာ ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ အခုလိုမျိုးအသိပေးရဖို့အတွက်ကိုလည်း အေဂျင်စီဖြစ်တဲ့ SM Entertainment နဲ့ရော EXO အဖွဲ့ဝင်တွေနဲ့ပါ သေချာတိုင်ပင်ဆွေးနွေးပြီးမှ သတ္တိမွေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက်မှာတော့ SM Entertainment ကနေပြီး ထွက်ရှိနေတဲ့ Chen ရဲ့ လက်ထပ်မင်္ဂလာသတင်းဟာ မှန်ကန်မှုရှိကြောင်းကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒီလိုမျိုးအတည်ပြုချက်အပြင် သတို့သမီးလောင်းမှာ ကိုယ်ဝန်ရှိနေတာ မှန်ကန်ကြောင်းကိုလည်း ထုတ်ပြန်ပေးခဲ့တာကို တွေ့ရပါတယ်။

ဒီိလိုတွေ အတည်ပြုထုတ်ပြန်ထားပေးပေမယ့်လည်း ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ အကြောင်းအရာ အသေးစိတ်ကို ထုတ်ဖော်သွားခြင်းမရှိခဲ့ပါဘူး။ အခုနောက်ဆုံးထွက်ရှိလာတဲ့ သတင်းအကြောင်းအရာကိုတော့ SM Entertainment ကနေ မည်သည့်တုံ့ပြန်ချက်မှ ပေးထားခြင်းမရှိသေးတဲ့အတွက် ပရိသတ်တွေအနေနဲ့ သိချင်စိတ်ဖြစ်နေကြပြီး Chen ရဲ့သတို့သမီးလောင်းက ဘယ်သူဘယ်ဝါဆိုတာကိုလည်း သိချင်နေကြပါတယ်။

Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။