ချစ်ရတဲ့မေမေနဲ့ အဖြူရောင်ဆင်တူလေးဝတ်ပြီး အတူတူ ပွဲတက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်

Posted on - Jan 14 []

Rowena

စာရေးသူ

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်က အနုပညာလောကရဲ့ အတောက်ပဆုံး ကြယ်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုကြီး နှစ်ဆုကို ရရှိပိုင်ဆိုင်ထားပြီး ကိုရီးယားနိုင်ငံမှ ချီးမြှင့်တဲ့ သရုပ်ဆောင်ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။

ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာတော့ Kinohimitsu ရဲ့ Afternoon tea party လေးဖြစ်တဲ့ Collagen Day 2020 ပွဲလေးကို တက်ရောက်ခဲ့တဲ့ ပုံတွေကို မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်က ထိုပွဲလေးကို သူမရဲ့ မေမေနဲ့ အင်္ကျီအဖြူရောင်ဆင်တူလေးဝတ်ပြီး အတူတူ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်တို့ သားအမိကတော့ အချောအလှတွေပဲမို့ အရမ်းကိုကြည့်ကောင်းကြတာပဲနော်။

ဝတ်မှုံရွှေရည်ကတော့ (၂၀၂၀) နှစ်သစ်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးသွားမှာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဘယ်အချိန်ကြည့်ကြည့် (၁၈) နှစ်လေးလိုပဲ ထင်ရပါတယ်နော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi's fb
Photo: Li John

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။