စင်မြင့်ထက်မှာ အလန်းစားဖက်ရှင်နဲ့ ဖျော်ဖြေခဲ့တဲ့ ဝါဆိုမိုးဉီးရဲ့ပုံရိပ်တွေ

Posted on - Jan 14 []

Myint Myat

စာရေးသူ

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ ချစ်​စရာမင်းသမီး​လေး ဝါဆိုမိုးဦးက​တော့ ဘိုဆန်​ဆန်​မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်​ဦးပါ။ လတ်​တ​လောမှာတော့ ဝါဆိုက ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အကြမ်းစားဖက်ရှင်နဲ့ နှစ်သစ်မှာ ဖျော်ဖြေခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီတဲ့ ဝါဆိုမိုးဉီး လေးကတော့ စင်မြင့်ထက်မှာ အရမ်းကို ဂေါ်လွန်းနေတာပါနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ နှစ်သစ်ကို အရမ်းကို ညှို့အားပြင်းနေတဲ့ ပုံရိပ်တွေနဲ့ ကြိုဆိုလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ အကြောင်းကို​ ဖော်​ပြေ​ပေးလိုက်​ပါတယ်​နော်​။

ဝါဆိုမိုးဦးက​တော့ "ဆိုကြမယ် ပျော်ကြမယ်❤️🤪new year night " ဆိုပြီး နှစ်သစ်ကို အဂေါ်ဆုံး ကြိုဆိုခဲ့တဲ့ သူမရဲ့ပုံ​လေး​တွေကို လူမှုကွန်​ယက်​မှာ တင်​ထားခဲ့တာပါ။

ဝါဆိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့အချစ်ရေးကိုလည်း အကောင်းဆုံးပုံဖော်နေတာပါ။
အဆိုပိုင်းမှာလည်း ထူးချွန်​တဲ့ ဝါဆိုမိုးဦးကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းလန်းတဲ့ ဝါဆိုမိုးဦးရဲ့ပုံရိပ်​လေး​တွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warso Moe Oo's Facebook
Photo:Aung II

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။