မွေးနေ့မှာ မိသားစုနဲ့အတူတူ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခဲ့တဲ့ Ah Boy

Posted on - Jan 14 []

Myint Myat

စာရေးသူ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော် Ah boy ကတော့ ချစ်ဇနီးချောလေးရယ်၊ ချစ်ရတဲ့ သမီးလေးတွေရယ်နဲ့အတူ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုကို အရမ်းတန်ဖိုးထားတဲ့ Ah boy က​တော့ လတ်​တ​လောမှာ ချစ်ရတဲ့ ဇနီးရယ်၊ သမီးငယ်လေး စကားလက်နဲ့ အတူတူ မွေးနေ့မှာ ဘုရားသွား ကျောင်းတက်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ Ah boy ရဲ့ သမီးငယ်လေး စကားလက်ဖြိုးထွန်းကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြရတာပါနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ မွေးနေ့မှာ မိသားစုနဲ့အတူတူ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခဲ့တဲ့ Ah boy ရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

Ah boy က​တော့ " ကျနော့်ရဲ့ ရိုးရှင်းသောလည်း ပြီးပြည့်စုံအမှတ်တရများစွာနှင့် ပျော်စရာ ၃၄ နှစ်ပြည့်မွေးနေ့ 🎂အမေ နှင့် ညီမလေးက ဦးဦးဖြားဖြား Present ပေးတယ်။ည ၁၂ နာရီတိတိမှာ ချစ်ရစွာသော မိန်းမက Surprise လုပ်ပေးတယ်။ကိတ်မုန့်တွေ၊ လက်ဆောင်ပစ္စည်းတွေ လက်ဆောင်ပေးကြတဲ့ ကိုတိုး၊ အခြား အသိမိတ်ဆွေများနှင့်ရုံးမှဝန်ထမ်းများ...

သတိတရ ဖုန်းဖြင့်သောလည်းကောင်း၊ Message ပို့၍သောလည်းကောင်း၊ Post တင်၍သောလည်းကောင်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ ချစ်ရသော သူငယ်ချင်း မိတ်ဆွေ၊ အပေါင်းအပါများ၊ ဆွေမျိုးသားချင်းများ၊ လုပ်ဖေါ်ကိုင်ဖက်များ နှင့် ချစ်ပရိသတ် တစ်ယောက်ဆီတိုင်းကို ကျေးဇူးအထူးကမ္ဘာပါ။ ❤️" ဆိုပြီး သူရဲ့မွေးနေ့ကို နွေးထွေးစေခဲ့တဲ့ မိသားစု​လေးရဲ့အကြောင်းကို​ဝေမျှ​ပေးထားတာပါ။

အလှူအတန်းဆိုလည်း လက်မနှေးတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ အလှူတွေလည်း မကြာခဏလုပ်လေ့ရှိပါတယ်။

သီချင်းဆိုရတာ အရမ်းဝါသနာပါတဲ့ အဆိုတော် Ah Boy က​တော့ လတ်​တ​လောမှာ စီးပွား​ရေးကို ဦးစား​ပေးလုပ်​နေဖြစ်​ပြီး ပရိသတ်တွေအတွက် သီချင်းအသစ်​တွေလည်း ထပ်​လုပ်​ဖို့ရှိတယ်​လို့ သိရပါတယ်​။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပျော်ရွှင်​ကြည်​နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Kyaw Phyo Tun's Facebook
Photo: Ye Min Ko

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။