ပရိသတ် စိတ်ဝင်စားမှုမြင့်တက်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ "မြမြ" ရုပ်ရှင်မှ ဇာတ်ဝင်ခန်း

Posted on - Jan 14 []

Rowena

စာရေးသူ

စူပါ မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ လျော့နည်းသွားပြီး ကြော်ငြာတွေနဲ့ ပွဲတက်တွေကိုသာ ပိုမို လက်ခံနေတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အနုပညာလောကမှာ သင်ဇာဝင့်ကျော်ရဲ့ လွှမ်းမိုးမှုက ရှိနေဆဲပါပဲ။

သင်ဇာဝင့်ကျော်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်တဲ့ "မြမြ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က "မြမြ" ဆိုတဲ့ စက်ရုံဝန်ထမ်းမလေးအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ သင်ဇာဝင့်ကျော်ကို "မြမြ" ရုပ်ရှင်ဇာတ်ကားထဲက ပုံရိပ်ကြောင့် ပရိသတ်တွေက စိတ်ဝင်စားမှု ရှိနေကြတာ ဖြစ်ပါတယ်။ ထိုပုံမှာ မြမြဟာ သင်္ကြန်အကြိုနေ့မှာ ရေပက်ခံလာရလို့ အင်္ကျီရေစိုနေပြီး အတွင်းခံအင်္ကျီကို မြင်နေရတာပဲ ဖြစ်ပါတယ်။

"မြမြ" ရုပ်ရှင်ဇာတ်ကားကြီးက ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် သင်္ကြန်ကာလမှာ ဖြစ်ပွားခဲ့တဲ့ စက်ရုံဝန်ထမ်းကောင်မလေးကို လူသုံးယောက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

"မြမြ" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: မြမြ

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။