ခရမ်းရောင်လေးနဲ့ မြန်မာဆန်ဆန်လေး လှနေတဲ့ နော်ဖောအယ်ထား

Posted on - Jan 14 []

Myint Myat

စာရေးသူ

ထူးခြားတည်ငြိမ်တဲ့ အလှတရားကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေး နော်ဖောအယ်ထားကတော့ ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းသူလေး တစ်ဉီးပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ သူမကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ ချစ်စရာမော်ဒယ်မလေး နော်ဖောအယ်ထားက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လှလှလေး ပေါ်လွင်အောင် မြန်မာဝတ်စုံလေး ဆင်မြန်းထားတဲ့ သူမရဲ့ ချစ်စရာပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ စိတ်ထားလှတဲ့​ နော်​ဖောအယ်​ထား​လေးက​တော့ လူလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မြင်လိုက်တာနဲ့တင် ရင်အေးသွားစေမယ့် ပျားရည်ထက်ချိုတဲ့ အလှပိုင်ရှင်လေး​ နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နော်​ဖောအယ်​ထား​က​တော့ "မင်းထက်ပိုချစ် တတ်ပါတယ်.... 🎶 " ဆိုပြီး အရမ်းကိုလှ​နေတဲ့ သူမရဲ့အလှပုံ​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာပါ။

လှရက်လိုက်တာ က​လေးရယ်...

ချစ်စရာကောင်မလေး နော်ဖောအယ်ထားကတော့ အနုပညာကို ချစ်မြတ်နိုးသူမို့ အမြဲကြိုးစားသင်ယူပြီး သူမရဲ့အရည်အချင်းတွေကို ပရိသတ်တွေအတွက် ချပြဖြစ်နေတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားပါသေးတယ်။ မိုမို​လေးပရိသတ်​တွေလည်း စိတ်ထားလေး အေးချမ်းလို့ တစ်နေ့တစ်ခြား ပိုလှလာတဲ့​ နော်​ဖောအယ်​ထား​လေးကို သ​ဘောကျရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Naw Phaw El Htar's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။