ဆံပင်တိုလေးနဲ့ အရမ်းဂေါ်နေတဲ့ အိချောပိုရဲ့ အမိုက်စားပုံရိပ်တွေ

Posted on - Jan 14 []

Myint Myat

စာရေးသူ

လှပတဲ့ ခန္ဓာကိုယ်​ကောက်​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့ မင်းသမီးချောလေး အိချောပိုက​တော့ သရုပ်​ဆောင်​ပိုင်းမှာလည်း ထူးချွန်​သူတစ်​ဦးပါ။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်​နိုင်​တဲ့ အိ​ချောပိုက​တော့ လတ်​တ​လောမှာလည်း ရုပ်​ရှင်​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​နေပြီး သူမရဲ့ အနုပညာကို ပရိသတ်တွေကြားချပြ​နေသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပိုက ရှုတင်မှာ ရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်​တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဆံပင်တိုလေးနဲ့ အရမ်းလန်းနေတဲ့ အိချောပိုရဲ့ပုံရိပ်တွေကတော့ အရမ်းလန်းနေတာပါနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​ ဆံပင်တိုလေးနဲ့ ခေတ်ဆန်ဆန်လေး လှနေတဲ့ အိ​ချောပို ပုံရိပ်တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

အိ​ချောပိုက​တော့ " ရှုတင်မှာ တစ်ဖြတ်လေးဆိုပြီး ဓါတ်ဆရာကပုံလေးတွေရိုက်ရိုက်ပေးတော့ စူစူကလည်း တစ်ဖြတ်လေးပုံတင်လိုက်တယ်ပေါ့...😊" ဆိုပြီး ခေတ်ဆန်ဆန် ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်​လေး​တွေကို​ဝေမျှ​ပေးထားတာပါ။

လန်းတယ် စူစူရယ်...။

အိချောပိုကတော့ လတ်တလောမှာ နေတိုး၊ ကျော်ကျော်ဗိုတို့နဲ့အတူ ပြင်ဦလွင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။အရမ်းလှတဲ့ ကိုယ်​လုံးကိုယ်​ပေါက်​ကို ပိုင်​ဆိုင်​ထားတဲ့ အိချောပိုတော့ ဘယ်​လိုဖက်​ရှင်​လေးဝတ်​ဝတ်​အရမ်းကိုလိုက်​ဖက်ပြီး လှရက်လွန်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ​ခေတ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတဲ့ အိချောပိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Ei Chaw Po's Facebook
Photo:Myo Aung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။