ပြီးခဲ့တဲ့နှစ်ကတည်းက EXO-L တွေအကြားမှာ ပျံ့နှံ့နေခဲ့တဲ့ Chen ရဲ့ ချစ်သူမိန်းကလေးအကြောင်း တစေ့တစောင်း

Posted on - Jan 14 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသား Idol အဖွဲ့ဖြစ်တဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Chen ဟာဆိုရင် သူ့ရဲ့ကျန်ရှိတဲ့ဘ၀သက်တမ်းတစ်လျှောက်ကို ချစ်ရတဲ့မိန်းကလေးနဲ့အတူ ဖြတ်သန်းတော့မှာဖြစ်ကြောင်းနဲ့ ချစ်သူမိန်းကလေးမှာ သူ့ရဲ့ရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်းကို ဇန်န၀ါရီလ ၁၃ ရက်နေ့ မနေ့တုန်းက သူကိုယ်တိုင်လက်ရေးနဲ့ရေးသားထားတဲ့ စာတစ်စောင်နဲ့အတူ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒီသတင်းကို Chen က သူကိုယ်တိုင်အသိပေးကြေညာခဲ့တာဖြစ်တဲ့အပြင် Chen မှာ ချစ်သူရှိတယ်ဆိုတဲ့ သတင်းဟာလည်း ကောလဟာလသတင်းရယ်လို့မျှတောင် တစ်ခါမှထွက်ရှိခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေအနေနဲ့ ဒီသတင်းသိလိုက်ရချိန်မှာ မယုံကြည်နိုင်ဖြစ်ခဲ့ကြရကာ အကြီးအကျယ်အံ့သြခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံက EXO-L တွေ အထူးသဖြင့် EXO ရဲ့အနောက်ကို ထပ်ကြပ်မခွာလိုက်လံသတင်းယူတတ်ကြတဲ့ EXO-L တွေရဲ့အကြားမှာတော့ Chen ရဲ့ ချစ်သူကောင်မလေးသတင်းဟာ ပြီးခဲ့တဲ့နှစ်လောက်ကစပြီး ပျံ့နှံ့နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ထပ်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာဖို့ရှိကြောင်းကိုလည်း တချို့အတွင်းသိပရိသတ်တွေက ခန့်မှန်းခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တုန်း အမည်မဖော်လိုသူတစ်ယောက်က လူမှုကွန်ရက်တစ်ခုကနေ Chen ရဲ့ လက်ထပ်မင်္ဂလာသတင်းအကြောင်းကို "Chen မကြာခင်မှာ လက်ထပ်တော့မယ်ဆိုတာက တကယ်လား" လို့ မေးမြန်းကာ တစ်စွန်းတစ်စအသိပေးခဲ့ပေမယ့်လည်း ပရိသတ်တွေအများစုကတော့ ဒါဟာ မှားယွင်းတဲ့ကောလဟာလသတင်းတစ်ခုမျှသာဖြစ်တယ်လို့ဆိုကာ ငြင်းချက်ထုတ်ခဲ့ကြပါတယ်။

ဒါတင်မကသေးပဲ ၂၀၁၉ ခုနှစ် မတ်လတုန်းကလည်း အမည်မဖော်လိုသူတစ်ယောက်က လူမှုကွန်ရက်မှာ အလားတူမေးခွန်းမျိုးကို ထုတ်မေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း ဒါဟာ ကောလဟာလအပုပ်ချတဲ့ သတင်းတစ်ခုအဖြစ်နဲ့သာ ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ တကယ်တော့ Chen မှာ အပြင်သာမန်ချစ်သူမိန်းကလေးရှိတယ်ဆိုတဲ့သတင်းဟာ ၂၀၁၅ ခုနှစ် အစပိုင်းလောက်ကတည်း EXO-L တွေအကြားမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး တချို့ပရိသတ်တွေဆိုရင် သူမကို Chen ရဲ့ တေးသရုပ်ဖော်ဖျော်ဖြေပွဲတွေ၊ EXO ရဲ့ Concert တွေက အထူးဧည့်သည်အတွက်ပဲ သတ်မှတ်ပေးထားတဲ့နေရာမှာ ထိုင်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက သူမရဲ့ လူမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာလည်း Chen ရဲ့ အသံပါဝင်နေတာကို ပရိသတ်တွေက သတိထားမိခဲ့ပြီး အခုဆိုရင်တော့ သူမဟာ ထိုအကောင့်ကို ဖျက်သိမ်းထားလိုက်ပြီတယ်လို့ သိရပါတယ်။ မနှစ်တုန်းကလည်း Chen တစ်ယောက် သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ ဒိတ်နေတာကို ပရိသတ်တစ်ယောက်က ဓာတ်ပုံရိုက်ယူထားခဲ့ပြီး အဲဒီပုံကတော့ လတ်တလောမှာမှ ပရိသတ်တွေအကြား ပျံ့နှံ့နေတာဖြစ်ပါတယ်။

ဒါတွေအပြင် Chen ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း သူ့ရဲ့ လက်ထပ်မင်္ဂလာသတင်းအတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲကို ဂုဏ်ပြုထားတယ်ဆိုတာကို ပရိသတ်တွေအနေနဲ့ သတိထားမိခဲ့ပါသေးတယ်။ ဒါကြောင့် အနှစ်ချုပ်သဘောအနေနဲ့ ဖော်ပြရမယ်ဆိုရင်တော့ Chen မှာ နှစ်အတော်ကြာတွဲလာတဲ့ချစ်သူမိန်းကလေးရှိတယ်ဆိုတဲ့ သတင်းဟာ ကိုရီးယားပရိသတ်တွေအကြားမှာ ပြီးခဲ့တဲ့နှစ်ကတည်းက ပျံ့နှံ့နေခဲ့တာဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

EXO နဲ့အတူ ၂၀၁၂ ခုနှစ်ကစတင်ပွဲထွက်ခဲ့ပြီး ဒီနေ့အချိန်ထိ အချစ်ရေးသတင်းက ယောင်လို့တောင်မှ မထွက်ခဲ့ဖူးတဲ့ Chen အနေနဲ့ အခုလိုမျိုးသတင်းကို အသိပေးလိုက်တာဟာ ပရိသတ်တွေအတွက် အံ့သြပြီးမယုံကြည်နိုင်စရာဖြစ်တယ်ဆိုပေမယ့်လည်း အများစုကတော့ မိမိချစ်တဲ့မိန်းကလေးကို သတ္တိရှိရှိနဲ့ရွေးချယ်လိုက်တာကြောင့် Chen ကိုဂုဏ်ပြုချီးကျူးစကားပြောပေးထားကြပါတယ်။ ဒါပေမယ့်လည်း တချို့သောပရိသတ်တွေကတော့ ဒီလိုမျိုးလုပ်ရပ်ဟာ ပွဲထွက်ချိန်ကနေ ဒီနေ့အချိန် အားပေးလာခဲ့တဲ့ ပရိသတ်တွေကို သစ္စာဖောက်ပြီးမလေးစားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။

Chen ရဲ့ လက်ထပ်မင်္ဂလာသတင်းနဲ့ ချစ်သူမိန်းကလေးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းကို SM Entertainment ကနေ အတည်ပြုပေးထားပေမယ့်လည်း ဘယ်နေ့၊ ဘယ်ရက်မှာ မင်္ဂလာပွဲကို အကျဉ်းချုံးပြီုးပြုလုပ်မယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါ့အပြင် လက်ထပ်မယ့်သတို့သမီးလောင်းက အပြင်သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ဝန်နဲ့ပတ်သတ်ပြီးတော့လည်း အသေးစိတ်ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်ရတဲ့မိန်းကလေးကို သတ္တိရှိရှိရွေးချယ်ပြီး အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ရရှိတော့မယ့် Chen တစ်ယောက် သာယာပြီးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။