မြင်လိုက်တာနဲ့ ထင်းခနဲ ဖြစ်သွားစေမယ့် ကြွေရုပ်မလေး ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်ပုံရိပ်တွေ

Posted on - Jan 14 []

Myint Myat

စာရေးသူ

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝတ်မှုန်​ရွှေရည်ကတော့ ကြွေရုပ်လေးလို လှရက်လွန်းတာကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ သဲသဲလှုပ်ချစ်ခင်အားပေးခြင်းကို ရရှိထားတာပါ။ လတ်​တ​လောမှာ​တော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ချစ်စရာအကောင်းဆုံးဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ချစ်စရာပွဲတက်ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ တင်​လိုက်​တာ​တွေ့ရပါတယ်​။ ချစ်​စရာ​ကောင်းပြီး မဟာဆန်တဲ့ အသွင်​လေးနဲ့ အရမ်းလိုက်​ဖက်​လွန်းတဲ့​ရွှေကစ်​လေးရဲ့ပုံရိပ်​တွေက​တော့ အရမ်းကို​ လှရက်လွန်းနေတာပါနော်​။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက် မြင်ရသူတွေကို ငေးမောမိသွားစေလောက်အောင် လှရက်လွန်းတဲ့​ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ဝတ်မှုန်ရွှေရည်ကတော့ " ရွှေနန်း‌တော်အဆင့်မြင့် စိန်ရွှေရတနာဆိုင် ကြီးရဲ့ နှစ်သစ် ကံစမ်းမဲဖွင့်ပွဲ ကြီးကိုလည်းတက်ရောက်ပြီးရင်ခုန်ခဲ့ပါသေးတယ်။
နှစ်သစ်မှာ ကံထူးကြသူများကို လည်းထပ်ဆင့်ဂုဏ်ပြုပါတယ် 😘ရွှေနန်းတော် ဆိုင်ကြီးအနေနဲ့အလည်း အခုထက်ပိုအောင်မြင်ပြီး ဒီထက် ကံစမ်းမဲ ဆုတွေ အများကြီးဖောက်ပေးနိုင်ပါစေလို့ ♥️" ချစ်စရာကောင်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

လှရက်​လိုက်​တာ ​ကစ်ရယ်​...

ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာ ရုပ်ရှင်တွေရော၊ ကြော်ငြာတွေပါ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ရွှေကစ်လေးရဲ့ အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလတ်ဆတ်နေတဲ့ ရွှေကစ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Wutt Hmone Shwe Yi's Facebook
Photo : Li John Photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။