မိဘတွေကို တိုက်တွေကားတွေနဲ့ မထားနိုင်ပေမယ့် စိတ်ချမ်းသာအောင်ထားပါတယ်ဆိုတဲ့ အေးမြတ်သူ

Posted on - Jan 15 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးလေး အေးမြတ်သူက ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အေးမြတ်သူက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သမီးအလိမ္မာလေး အေးမြတ်သူက သူမရဲ့ မိဘတွေကို အချိန်ပေးဖြစ်ပုံနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

"အလုပ်တွေလုပ်ရင်း မိသားစုကို စိတ်ချမ်းသာအောင် ထားနိုင်နေလို့ မမြတ်လေး အလုပ်ကို အရမ်းတန်ဖိုးထားတယ်။ ခုချိန်ထိလည်း အဖေနဲ့အမေ က ကိုယ့်ထက်နုပျိုနေလို့ အမြဲစိတ်ချမ်းသာရတယ်ရှင့်။ သားသမီးတွေ က မိဘ ကို ထောက်ပံ့ပြုစုခွင့်ရတယ်ဆိုတာ ကံအရမ်းထူး လို့ပါရှင့်။"

" မမြတ်လေးလည်း မိဘ ကို တိုက်ကြီးကြီးတွေ၊ ကားအကောင်းစားကြီးတွေနဲ့မထားနိုင်လို့ စိတ်ညစ်နေမယ့်အစား စိတ်ချမ်းသာအောင်တော့ကြိုးစားပြီးထားပါတယ်။ ချစ်ရသူတွေလည်း မိဘကို အများကြီးမထောက်ပံ့နိုင်လို့ စိတ်မကောင်းဖြစ်နေမယ့်အစား စိတ်ချမ်းအောင်ထားပေးမယ်ဆို မိဘတွေ က ပျော်ရွှင်နေပါပြီရှင့်။"

"အဓိက ကတော့ သားသမီးတွေရဲ့ဂရုစိုက်ခြင်း ..အချိန်ပေးခြင်းတွေကိုသာ မိဘတွေက ပိုလိုချင်ကြတာပါ။ အဖေနဲ့အမေကို ဒီထက်ပိုပြီးစိတ်ချမ်းသာအောင်ထားနိုင်တဲ့ သမီးဖြစ်ပါရစေ။ ချစ်ရသူတွေအားလုံးလည်း မိဘ ကို ပိုမိုစောင့်ရှောက်နိုင်သော သားသမီးများဖြစ်ကြပါစေရှင့်။"

" မိဘတွေမရှိကြတော့ဘူးဆိုလည်း ....ရည်စူးအလှူပြုကုသိုလ်တွေယူကြရင်း သိတက်လိမ္မာသောသားသမီးများဖြစ်ကြပါစေရှင့်။" ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

အေးမြတ်သူကတော့ အသက်သုံးဆယ်ကျော်အရွယ်ရောက်သည့်တိုင် အိမ်ထောင်မပြုသေးပဲ မိဘတွေနဲ့သာ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြတ်သူတို့ မိသားစုပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Myat Thu's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။