သူ့ရဲ့ ကြမ်းတမ်းလွန်းတဲ့လုပ်ရပ်အတွက် မိုရာတာကို ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟခဲ့တဲ့ ဗယ်လ်ဗာဒီ

Posted on - Jan 14 []

Gunner Ksr

စာရေးသူ

ရီးရဲလူငယ်ကစားသမားလေး ဗယ်လ်ဗာဒီဟာ သူ့အနေနဲ့ စပိန်စူပါဖလားပွဲအပြီးမှာ အက်သလက်တီကိုတိုက်စစ်မှူးမိုရာတာကို ပြန်တောင်းပန်ခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲနဲ့ အက်သလက်တီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲစဉ်ကတော့ တကယ့်ကို အကြိတ်အနယ်ရှိစွာနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တာပါ။ နှစ်သင်းစလုံးဟာ အပြန်အလှန် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။

နောက်ဆုံးမှာတော့ ရီးရဲအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ (၄-၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။ ဒီပွဲစဉ်မှာ ရီးရဲလူငယ်ကစားသမားဗယ်လ်ဗာဒီရဲ့လုပ်ရပ်က လူပြောများပြီး ဘောလုံးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။

အချိန်ပို (၁၁၄) မိနစ်မှာ အက်သလက်တီကိုတိုက်စစ်မှူးမိုရာတာဟာ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ဆွဲထွက်လာပြီး ဂိုးရရှိဖို့ အကောင်းဆုံး အခွင့်အရေးတစ်ရပ်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗယ်လ်ဗာဒီက ကြမ်းတမ်းစွာ လျှောထိုးဖျက်ထုတ်ခဲ့လို့ အက်သလက်တီကိုတို့ နစ်နာခဲ့ရတယ်။

ဒီဖြစ်ရပ်က ဘောလုံးပရိသတ်တွေကြားမှာ ဂယက်ထနေခဲ့တာပါ။ ဗယ်လ်ဗာဒီက သူ့အနေနဲ့ ပွဲအပြီးမှာ မိုရာတာကို ပြန်တောင်းပန်ခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ "မိုရာတာကို ကျွန်တော်တောင်းပန်ပြီးပါပြီ။ ကျွန်တော့်ရဲ့လုပ်ရပ်က ဆိုးရွားလွန်းတာသိပေမယ့် အဲဒီအချိန်မှာ ဒီလိုပဲလုပ်ရမှာပါ။

ဆုဖလားအတွက် ကျွန်တော်ပျော်ရွှင်ပါတယ်"လို့ ဗယ်လ်ဗာဒီက ပြောဆိုသွားခဲ့တာပါ။ ရီးရဲနည်းပြဇီဒန်းကလည်း ဗယ်လ်ဗာဒီရဲ့ လုပ်ရပ်ဟာ ရိုင်းစိုင်းသလိုရှိပေမယ့် သူ့သင့်တာကို လုပ်ခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။