မက်ဆီကို ပါးရည်နပ်ရည်ရှိရှိနဲ့ အထာကျကျ ချီးကျူးသွားခဲ့တဲ့ ဂွါဒီယိုလာရဲ့လုပ်ရပ်

Posted on - Jan 14 []

Gunner Ksr

စာရေးသူ

အဂူရိုက ခင်ဗျားနည်းပြသမျှထဲမှာ အကောင်းဆုံးကစားသမားလို့ အမေးခံလိုက်ရချိန်မှာတော့ ဂွါဒီယိုလာဟာ မက်ဆီကို မေ့မနေခဲ့ပါဘူး။ ဗီလာနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးက သက်သောင့်သက်သာနဲ့ ယှဉ်ပြိုင်ကစားပြီး (၆-၁) ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာပါ။ ဒီပွဲစဉ်မှာ မန်စီးတီးအတွက် တိုက်စစ်မှူးအဂူရိုက အဓိကခြေစွမ်းပြ ကစားသွားခဲ့တာပါ။

အဂူရိုဟာ အဲဒီပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့ပြီး စံချိန်တွေ တသီကြီးလည်း ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ အဂူရိုဟာ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး နိုင်ငံခြားကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မန်စီးတီးရဲ့ ခေတ်ပြောင်းတော်လှန်ရေးမှာ အဂူရိုဟာ သူရဲကောင်းတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဂန္ထ၀င်တွင်လောက်တဲ့ ကစားသမားလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ဗီလာနဲ့ပွဲအပြီးမှာ မီဒီယာတွေက အဂူရိုဟာ ခင်ဗျား ကိုင်တွယ်ခဲ့သမျှထဲမှာ အကောင်းဆုံးတိုက်စစ်မှူးလားလို့ ဂွါဒီယိုလာကို မေးခဲ့ပါတယ်။

ဒီမေးခွန်းကိုတော့ ဂွါဒီယိုလာက ပါးပါးနပ်နပ်နဲ့ အခုလို ဖြေကြားသွားခဲ့တာပါ။ "မက်ဆီက အကောင်းဆုံးပါပဲ။ မက်ဆီသာလျှင် အကောင်းဆုံး နံပါတ် (၉)၊ နံပါတ် (၁၀)၊ နံပါတ် (၁၁)၊ နံပါတ် (၇)၊ နံပါတ် (၆)၊ နံပါတ် (၅)၊ နံပါတ် (၄) ကစားသမားပါ။ ဒါပေမဲ့ အဂူရိုကတော့ အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ"လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့တာပါ။

မက်ဆီနဲ့ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ အတွဲညီခဲ့ကြပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကြသူတွေပါ။ ဂွါဒီယိုလာရဲ့စကားက လုံးဝပါးရည်နပ်ရည်ရှိပြီး အထာကျလွန်းတယ်လို့ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။