မက်ဆီလက်သစ်လို့ ရေပန်းစားနေတဲ့ သားငယ်လေးသီယာဂိုရဲ့ ရင်သပ်ရှုမောဖွယ်ရာ စွမ်းဆောင်ရည်

Posted on - Jan 14 []

Gunner Ksr

စာရေးသူ

သီယာဂိုဟာ အဖေတူသားဆိုတာ သက်သေပြခဲ့တာဖြစ်ပြီး မက်ဆီလက်သစ်ဆိုပြီး ပရိသတ်တွေကြား ရေပန်းစားလာခဲ့ပါပြီ။ (၂၁) ရာစုဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားနှစ်ဦးကိုပြပါဆိုရင် မက်ဆီနဲ့ စီရော်နယ်ဒိုကိုပဲ ချွင်းချက်မရှိ ရွေးထုတ်ရမှာပါ။ မက်ဆီနဲ့ စီရော်နယ်ဒို့နှစ်ယောက်နဲ့ ပတ်သက်ပြီး နှစ်ဖက်ပရိသတ်တွေရဲ့ ပြိုင်ဆိုင်မှုက ကြီးမားပါတယ်။

နောက်ဆုံး သူတို့သားငယ်လေးတွေကိုပါ ပရိသတ်တွေက နှိုင်းယှဉ်မှုပြုလုပ်လာကြတာပါ။ ဒီနေရာမှာ စီရော်နယ်ဒိုရဲ့သားငယ်ဟာ ဂျူဗင်တပ်လူငယ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးမုန်တိုင်းထန်နေပေမယ့် မက်ဆီရဲ့သားငယ်တွေကတော့ မီဒီယာပေါ်မှာ ရောက်လာမှု အားနည်းပါတယ်။

အခုအခါမှာတော့ မက်ဆီရဲ့ အကြီးဆုံးသာ သီယာဂိုရဲ့ ဘာစီလိုနာလူငယ်အသင်းမှာ ခြေစွမ်းပြမှုဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သီယာဂိုဟာ ပြီးခဲ့တဲ့ပွဲစဉ်တစ်ပွဲမှာ ဘာစီလိုနာလူငယ်အတွက် အကောင်းဆုံး ခြေစွမ်းပြပြီး ဂိုးတစ်ဂိုးကို အလှပဆုံးသွင်းယူသွားခဲ့တာပါ။

သီယာဂိုဟာ သူ့အဖေမက်ဆီနည်းတူ Dribble စကေး ကောင်းကောင်းနဲ့ ရင်သပ်ရှုမောဖွယ် သွင်းယူသွားခဲ့တာပါပဲ။ ဒီသွင်းဂိုးဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက်မှာတော့ မီဒီယာတွေက မက်ဆီရဲ့ သားငယ် သီယာဂိုနဲ့ စီရော်နယ်ဒိုရဲ့သားငယ်ခရစ္စတီယာနိုဂျူနီယာတို့ရဲ့ အားပြိင်မှုကို တွေ့မြင်ရဦးမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဘောလုံးလောကဆိုတာ မထင်မှတ်ထားတဲ့ အမြဲတွေ့မြင်ရလေ့ရှိတဲ့ရပ်ဝန်းဖြစ်လို့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ တကယ်ပဲ နောက်ဆယ်စုနှစ်တစ်ခုအကြာမှာ သီယာဂိုနဲ့ ခရစ္စတီယာနိုဂျူနီယာတို့ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမလား။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။